အပိုင်း ၆၁ ငါခန္ဓာကိုယ်တစ်ခုလုံးကိုလိုချင်တယ်၊ လက်တစ်ဘက်ဖြတ်ခြင်း

691 64 1
                                    

အပိုင်း ၆၁ ငါခန္ဓာကိုယ်တစ်ခုလုံးကိုလိုချင်တယ်၊ လက်တစ်ဘက်ဖြတ်ခြင်း

တာအိုနယ်မြေအတွင်းတွင် ကောင်းကင်သားတော်များအကြားရှိတိုက်ပွဲသည်ရှုပ်ထွေးနေသည်။

ကြောက်မက်ဖွယ်ကောင်းပြီး ပြင်းထန်သောတာအိုစည်းချက်များသည် နယ်မြေတစ်ခုလုံးကိုပျံ့လွင့်နေသည်။

'' ချီးပဲ...ဒီလိုတိုက်ခိုက်နေရင်ဘယ်တော့မှပြီးတော့မှာလဲ...''

လိုင်အိုကကြာဖြူမိန်းမပျို၏တိုက်ခိုက်မှုကို ပြန်လည်ခုခံရင်းမျက်မှောင်ကြုတ်လိုက်သည်။

တခြားသူများကပြန်လည်တိုက်ခိုက်ရန်ပြင်ဆင်နေချိန်တွင် လိုင်အိုကကျယ်လောင်စွာအော်ဟစ်လိုက်သည်။

'' တော်တော့...''

'' အိုး...အမြဲတမ်းဂုဏ်သိက္ခာရှိခဲ့တဲ့ အင်ပါယာငယ်ကအခုကြောက်နေပြီလား...''

နန်းကုန်းဟောင်ကရယ်မောကာပြောလိုက်သည်။

'' ဟမ့်..အရူးတွေ...ဒီလိုတိုက်ခိုက်နေတာက အချိန်ဖြုန်းတာပဲ...အားလုံးနောက်တစ်လှမ်းဆုတ်ကြတာပေါ့၊ ငါကခေါင်းကိုယူမယ်...မင်းတို့အားလုံးကကျန်တာကိုခွဲဝေယူကြဘယ်လိုလဲ...''

လိုင်အိုက​ဖြေရှင်းလိုက်သည်။

ကြာဖြူမိန်းမပျိုကသူ့ကို မယုံကြည်ဟန်ဖြင့်ကြည့်လိုက်သည်။

လိုက်အိုကအေးစက်စက်ထပ်ပြောလိုက်သည်။

'' ငါကပြေပြေလည်လည်ဖြစ်ချင်လို့အခုလိုလုပ်ရတာပဲ....တကယ်လို့မင်းတို့ဆက်တိုက်ချင်ရင်လည်းရတယ်လေ...ဒါပေမဲ့မင်းတို့ဘာမှမရတာလ​ဲဖြစ်သွားနိုင်တယ်...''

'' ကောင်းပြီလေ...ဒါဆိုရင်ငါနှလုံးကိုလိုချင်တယ်''

ဂူချန်းဂီကခေါင်းညိတ်ကာ

'' ငါ အရိုးအသားနဲ့ သွေးတွေကိုယူမယ်...''

'' ငါတို့က ကျန်ခဲ့တဲ့ အတွင်းအင်္ဂါတွေကိုယူမယ်...''

ကြာဖြူသားတော်ကတည်ငြိမ်သောအသံဖြင့်ပြောလိုက်သည်။

နန်းကုန်းဟောင်က မျက်မှောင်ကြုတ်လိုက်၏။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now