အပိုင်း ၃၆၄ နတ်ဆိုးစုဆောင်းသူဘိုးဘေး၏ ရတနာများ၊ ငရဲမီးတောက်၊နတ်ဆိုးသွေးအဆီအနှစ်

454 46 2
                                    

အပိုင်း ၃၆၄  နတ်ဆိုးစုဆောင်းသူဘိုးဘေး၏ ရတနာများ၊ ငရဲမီးတောက်၊ နတ်ဆိုးသွေးအဆီအနှစ်

   အဆုံးအစမဲ့ နတ်ဆိုးချီပမာဏကို ကြေးနီတံခါးထံ ‌လောင်းထည့်ပြီး ပွင့်စေသည်။

   ယွမ်ဝူတောက်သည် သွေးထွက်လွန်ခြင်းကို ရပ်တန့်ရန် နတ်ဆိုးချီကို ဖြန့်ကျက်ရင်း အောင်ပွဲခံလျက် ပြုံး၏။ ထို့နောက်၊ စွမ်းအင်ပြန်ပြည့်ရန် ဆေးပြားကို မျိုချလိုက်သည်။

“ လာ... သွားရအောင်”
သူသည် လူအုပ်ကို ဦးဆောင်ပြီး ကြေးနီတံခါးကို ဖြတ်ဝင်သွားသည်။

    သူတို့ အခန်းထဲသို့ ဝင်ရောက်သွားသောအခါ နတ်ဆိုးသတ္တဝါများ၏ အလောင်းများတောင်လိုပုံနေသော အခန်းကျယ်ကြီးတစ်ခုကို တွေ့လိုက်ရ၏။ အလောင်းအချို့ကို အပိုင်းပိုင်းခွဲထားပြီး နတ်ဆိုးသတ္တဝါအမျိုးမျိုး၏ ကိုယ်အင်္ဂါများကို သိမ်းဆည်းထားရန် သတ္တာများတွင် ထည့်ပိတ်ထားသည်။

    ၎င်းက သူတို့အများစုအတွက် ကြောက်မက်ဖွယ်ရာ မြင်ကွင်းဖြစ်၏။

    “ အို့ ၊ နတ်ဆိုးစုဆောင်းသူ ဘိုးဘေးကတော့ စိတ်ရူးပေါက်နေတာလား။ ဒီအလောင်းအကုန်လုံးက သူ့အိမ်ထဲ လှဲလျောင်းနေကြတယ်၊ သူတို့အချို့က ပုပ်သိုးစ ပြုလာပြီ.. အာ့ ဒါက ရွံ့စရာပဲ...”

   “ ကောလဟာလတွေအရတော့ ဒီနတ်ဆိုးစုဆောင်းသူ ဘိုးဘေးဟာ နတ်ဆိုးချီကျင့်ကြံခြင်းကို ကျွမ်းကျင်တဲ့ ပထမဆုံးလူတွေထဲက တစ်ယောက်တဲ့။ ဒါက သူ့အရည်အချင်းတွေကို ရအောင်ယူခဲ့တဲ့ နည်းလမ်း ဖြစ်နိုင်မလား”

“ ကြည့်စမ်း၊ အဲ့မှာ တစ်ခုခု ရှိနေတယ်...”

    ချာကရာဘုရင်သည် နေရာတစ်ခုသို့ တုန်လှုပ်စွာ ညွှန်လိုက်၏။
သူတို့ရှေ့မှောက်တွင် စားပွဲတစ်ခုရှိပြီး ၎င်းအပေါ်၌ကား စာလိပ်များနှင့် အမျိုးမျိုးသော အိုးနှင့်ပုလင်းများကို တွေ့ရသည်။

   ယွမ်ဝူတောက်သည် ကျောက်စိမ်းစာလိပ်တစ်ခုကို ကောက်လိုက်ပြီး သူ၏ ဝိညာဥ်အတွေးကို ထိုးသွင်းလိုက်ရာ အတွင်း၌ ရှိသော စာကြောင်းများကို စုပ်ယူလိုက်သည်။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Tempat cerita menjadi hidup. Temukan sekarang