အပိုင်း ၃၆၃ လူ့ဘုံသည်ကြောက်စရာ၊ ကြေးနီတံခါးတွင်နတ်ဆိုးသွေးများစွန်းထင်းခြင်း၊ နတ်ဆိုးစုဆောင်းသူဘိုးဘေး
'' သူတို့ လုပ်နိုင်မှာလား၊ မလုပ်နိုင်ဘူးလား...''
ချူခွမ်းရန်က ငရဲဘုရင်သုံးပါး ချိတ်တံဆိပ်ကို ချိုးဖျက်နေသည့်မြင်ကွင်းကိုအပေါ်မှကြည့်ကာ ပြောလိုက်သည်။
ထိုအခိုက်အတန့်တွင် အနက်ရောင်ပုံရိပ်တစ်ခုက နတ်ဆိုးရေတွင်းသို့ အရှိန်လျင်မြန်စွာဖြင့် ချည်းကပ်လာ၏။
၄င်းသည် လတ်တလောကမှ ချူခွမ်းရန်နှင့်တွေ့ဆုံခဲ့သော ယွမ်ဝူတောက်ဖြစ်လေသည်။
ယွမ်ဝူတောက်က ကြိမ်းမောင်းလိုက်၏။
'' ဘယ်လောက်တောင် အသုံးမကျတဲ့အမှိုက်တစ်သိုက်လဲ၊ ဒီအတားအဆီးကိုတောင် မချိုးဖျက်နိုင်ဘူးလား၊ ဖယ်စမ်း...ငါလုပ်မယ်...''
ယွမ်ဝူတောက်က လက်ကိုမြောက်လိုက်ပြီး သူ၏ခန္ဓာကိုယ်ထဲရှိနတ်ဆိုးချီများကိုစုစည်းကာ အနက်ရောင်ဦးခေါင်းခွံကြီးဆင့်ခေါ်လိုက်ရာ ၄င်းက ချိတ်တံဆိပ်ပေါ်သို့ ပြင်းထန်စွာကျဆင်းသွားလေတော့သည်။
အဖျက်စွမ်းအားပြင်းထန်သော နတ်ဆိုးချီများက ယဇ်ပုလ္လင်ပေါ်တွင် ပေါက်ကွဲသွား၏။
ထိုပေါက်ကွဲအားကြောင့် တောင်ပံလူသားမျိုးနွယ်စုတစ်ခုလုံး တုန်ခါလာလေသည်။
သို့သော် ချိတ်တံဆိပ်က နဂိုအတိုင်းရှိနေသေးသည်။
ဘုရင်များက ယွမ်ဝူတောက် ကို ထူးဆန်းစွာကြည့်လိုက်ကြသည်။
ထိုမြင်ကွင်းကိုမြင်သောအခါ ချူခွမ်းရန်က နဖူးကိုရိုက်လိုက်မိ၏။
'' ငါသူတို့ကို ကူညီပေးလိုက်ရမလား...''
လန်ယုကလည်း ထိုအဖြစ်အပျက်ကိုကြည့်ကာ လှောင်ပြောင်ရယ်မောနေလေသည်။
'' ဒီချိတ်တံဆိပ်က ပညာရှင်မြင့်မြတ်ဘုရင်ချန်ထားခဲ့တဲ့အရာပဲ၊ အလွယ်တကူ ချိုးဖျက်နိုင်တဲ့အရာမဟုတ်ဘူး...''
ယွမ်ဝူတောက်က သူလေကြီးခဲ့မိပြီး အလုပ်မဖြစ်သည့်အတွက် အနည်းငယ်အရှက်ရသွားသည်။
ESTÁS LEYENDO
Acciónအကျဉ်းချုပ်... ကျင့်ကြံခြင်းကမ္ဘာကို ရောက်ရှိသွားခဲ့တဲ့ ချူခွမ်းရန်မှာ ပထမဆုံး ဆယ်ကြိမ်အထိ ကံကောင်းခြင်းကို ဆက်တိုက်ဆွဲယူနိုင်တဲ့ ဂိမ်းပလပ်အင်တစ်ခု ပါလာတဲ့အခါမှာတော့... ဂုဏ်ယူပါတယ်... ပိုင်ရှင်က ဒဏ္ဍာရီအဆင့် စွန့်ပစ်အင်မော်တယ် အရှိန်အဝါကို ဆွဲယူနိ...