အပိုင်း ၁၃ စဦးစိတ်ဝိဉာဏ်ကျင့်ကြံမှုဖြင့်နန်းကုန်ဟောင်အားဖိနှိပ်နိုင်သည်
'' နန်းကုန်းဟောင် အလည်ရောက်နေပါတယ်..''
ချူခွမ်းရန်သည် တခြားသောတာအိုဆရာသခင်များနှင့် စကားပြောနေစဥ် ပြင်းထန်သောဖိအားသည်ရုတ်တရက် ကောင်းကင်နန်းတော်၏အပြင်ဘက်တွင်ကျရောက်လာသည်။
မုရုံချန်း၊ကျန်းရီနှင့်တခြားသူများထံတွင်စိုးရိမ်သည့် အရိပ်အရောင်များထွက်ပေါ်လာသည်။
'' အဲဒါသူပဲ..''
'' သူတကယ်ရောက်လာတယ်..''
ချူခွမ်းသည်လည်းဖိအားကိုခံစားလိုက်ရပြီး သူ၏နှုတ်ခွမ်းထောင့်ကို ကွေးလိုက်သည်။သူပေါ့ပါးစွာပြုံးကာ
'' နန်းကုန်းဟောင် ထိပ်တန်း တာအိုဆရာသခင်ကဒီကိုရောက်လာတယ်ပေါ့''
အပေါ်ယံတွင် ကြီးမြတ်သောတာအိုဆရာသခင်ကိုးဦးဟူ၍ခေါ်ဆိုကြသော်လည်း စွမ်းအားမှာမူကွာခြား၏။သို့သော် ၄င်းတို့ထဲတွင် နန်းကုန်းဟောင်သည် စွမ်းအားအကြီးဆုံးဖြစ်သည်မှာ ပြောစရာပင်မလိုပေ။
တရားဝင် အဆင့်ခွဲခြားထားခြင်းမရှိသော်လည်း နန်းကုန်းဟောင်သည် ချူခွမ်းရန်မတိုင်ခင်ထိ ကောင်းကင်နက်ဂိုဏ်းတပည့်များအားလုံး၏ စီနီယာအစ်ကိုကြီးဖြစ်သည်။
သို့သော် ရုတ်တရက် ချူခွမ်းရန်ထွက်ပေါ်လာပြီး အရှင် ရွမ်ချီ ကသူ့အား တပည့်ခေါင်းဆောင်အဖြစ်သတ်မှတ်ကာ ကောင်းကင်နက်ဂိုဏ်း၏စီနီယာအစ်ကိုကြီးဖြစ်လာခဲ့သည်။
နန်းကုန်းဟောင်က ယင်းအတွက်တစ်စုံတစ်ခုမပြုလုပ်ခဲ့လျှင်သာ ထူးဆန်းနေလိမ့်မည်ဖြစ်သည်။
'' လာ...ဂျူနီယာညီလေး နန်းကုန်းကိုသွားတွေ့ကြတာပေါ့''
ချူခွမ်းရန်ကရယ်မောရင်းဆိုလိုက်၏။သူသည် 'ဂျူနီယာညီလေး နန်းကုန်း'ဟူသောစကားအား သည်အတိုင်းပေါ့ပါးစွာဆိုလိုက်သည်။
ကောင်းကင်မျှော်စင် ရှေ့တွင်...
နန်းကုန်းဟောင်သည် လက်ကိုနောက်ပစ်ကာမတ်တပ်ရပ်နေသည်။သူသည် ခရမ်းရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး သူ၏မျက်နှာသည် ကြွေရုပ်အလားပြစ်ချက် မရှိချောမော၏။တပည့်ငယ်များသည် ဇဝေဇဝါဖြစ်နေကြသည်။
'' အဲတာ စီနီယာအစ်ကို နန်းကုန်းဟောင်မလား၊ သူကအရမ်းချောတာပဲ''
'' ငါကြားဖူးတာက စီနီယာအစ်ကိုနန်းကုန်းဟောင် ရွှေအမြူတေ အဆင့်မှာကတည်းက မြင့်မြတ်ဓားတစ်လက်ရဲ့အသိအမှတ်ပြုမှုကိုရရှိခဲ့တယ်ဆိုပဲ၊ ဒါတင်ဘယ်ကမလဲ သူကစွမ်းအားကြီးတဲ့ ယင်ယန်မျက်လုံးတစ်စုံကိုလည်းပိုင်ဆိုင်ထားသေးတယ်တဲ့ ''
'' သူဒီကို တပည့်ခေါင်းဆောင်ဆိုတဲ့ခေါင်းစဥ်အတွက်ရောက်လာတာလား...သူချူခွမ်းရန်ကိုလက်စားလာချေတာများလား''
'' ဟမ့်...စီနီယာအစ်ကိုကြီးဆိုတဲ့ဘွဲ့ကို စီနီယာအစ်ကိုနန်းကုန်းဟောင်ပဲပိုင်ဆိုင်သင့်တယ်၊ ချူခွမ်းရန်ကသူ့ကိုယ်သူ ဘယ်သူလို့များထင်နေတာလဲမှမသိတာ ''
'' ရှူး...စကားကိုဂရုစိုက်ပြီးပြော''
''ဟင့်...မင်းကပြဿနာဖြစ်ချင်နေတာလား၊ မင်းမှာစီနီယာအစ်ကိုချူကိုဝေဖန်နိုင်စွမ်းရှိတယ်လို့ထင်နေတယ်ပေါ့၊ ရိုရိုသေသေပြောစမ်းမဟုတ်ရင် ငါမင်းပါးစပ်ကိုဆွဲဖြဲလိုက်ရလိမ့်မယ်''
'' အိုး...ဘာလဲ ချူခွမ်းရန်ကမင်းကိုကျွေးမွေးထားလို့မင်းကသူ့လက်ပါးစေဖြစ်ချင်နေတာလား၊ ဒါမှမဟုတ်ရင်မင်းသူ့ရုပ်ရည်ကိုသဘောကျနေတာပဲဖြစ်လိမ့်မယ်''
ထိပ်တန်းတာအိုဆရာသခင်တစ်ဦးအနေဖြင့် နန်းကုန်းဟောင်ကိုထောက်ခံသော အဖွဲ့သည်လည်းကောင်းကင်နက်ဂိုဏ်းတွင်ရှိလေသည်။ထို့နည်းတူစွာပင် ချူခွမ်းရန်သည် ယခင်ကမကျော်ကြားခဲ့သော်လည်း သူ၏ရုပ်ရည်ကြောင့်သူ့ကိုထောက်ခံသောအဖွဲ့သည်လည်းရှိ၏။
တစ်ဖက်နှင့်တစ်ဖက်သည်ပြင်းထန်စွာငြင်းခုံနေကြသည်။ခဏကြာသောအခါ အဖြူရောင်ပုံရိပ်တစ်ခုသည် ကောင်းကင်မျှော်စင်နန်းတော်မှ ပေါ်ထွက်လာခဲ့သည်။
ချူခွမ်းရန်သည် လန်ယုနှင့်အတူထွက်ပေါ်လာပြီး သူတို့၏ရုပ်ရည်သွင်ပြင်သည် လက်ရှိတွင်ရှိနေသောလူများ၏ စိတ်ဝင်စားမှုအားချက်ချင်းဆွဲဆောင်သွားခဲ့သည်။
အထူးသဖြင့်ရှေ့တွင်ရှိနေသာ ချူခွမ်းရန်ဖြစ်သည်။ သူ၏အဖြူရောင်ဝတ်စုံသည် သူ့အားနတ်ဘုရားကဲ့သိုအရှိန်အဝါကိုပေးစွမ်းနေသည်။
လူအုပ်သည် အံ့အားမှင်သက်နေကြသည်။
သူ့ကိုဆဲဆိုနေခဲ့သောတစ်ချို့သူများပင်လျှင် စကားများကိုပြန်လည်ရုတ်သိမ်းသွားကြညသည်။
'' အဲတာက ငါ့တို့ခေါင်းဆောင်အသစ်လား...ေကာင်းလိုက်တာ''
"သူကအရမ်းကြည့်...ကြည့်ကောင်းတာပဲ''
'' အဖြူရောင်ဝတ်စုံနဲ့အရမ်းလိုက်တာပဲ အင်မော်တယ်တွေဆိုတာဒီလိုမျိုးပဲဖြစ်လိမ့်မယ်...''
'' ကမ္ဘာပေါ်မှာ ဒီလိုလူမျိုးလည်းရှိသေးတာလား''
'' နေပါအုံး...စီနီယာအစ်ကိုကြီးရဲ့နောက်မိန်းကလေးကိုကြည့်လိုက်အုံး...သူကဘယ်သူလဲ၊အရင်ကဂိုဏ်းမှာဒီလောက်လှတဲ့မိန်းကလေးရှိတယ်လို့မကြားဖူးပါဘူး..''
''သူတို့နှစ်ယောက်အတူရပ်နေတော့ ဘယ်သူ့ကိုသဝန်တိုရမလဲမသိတော့ဘူး..''
''သူမက...စီနီယာအစ်ကိုကြီးရဲ့တာအိုလက်တွဲဖော်များလား''
'' စီနီယာအစ်ကိုကြီးမှာ လက်တွဲဖော်ရှိပြီးသားကို ငါတော့အသဲကွဲပါပြီ..''
သူတို့ရောက်ရှိလာခြင်းက ပြင်းထန်သောဆွေးနွေးမှုနှင့် အံ့အားသင့်မှုကိုဖြစ်စေ၏။
တာအိုနန်းတော်ရှေ့၌ရပ်နေသော နန်းကုန်းဟောင်၏မျက်နှာမှာ ပြောင်းလဲနေသည်။သူက ကိုယ့်ကိုကိုယ်ရေရွတ်လိုက်သည်။
'' ဒီလို ထွက်လာတဲ့ရည်ရွယ်ချက်ကဘာလဲ''
'' ဂျူနီယာညီလေး နန်းကုန်း ဒီကိုရောက်လာမှတော့ ဘာလို့မဝင်လာတာလဲ''
ချူခွမ်းရန်က သရော်တော်တော်ဖြင့် ရယ်ကာပြောလိုက်သည်။သူ့ကိုထိုသို့ခေါ်သည်အားကြားလိုက်သည်နှင့်နန်းကုန်းဟောင်ကမျက်.မှောင်ကြုတ်ကာဆိုသည်။
'' မင်းငါ့ကို ဘယ်လိုခေါ်လိုက်တယ်''
'' ဂျူနီယာညီလေးနန်းကုန်းလေ ဘာလဲတစ်ခုခုမှားနေလို့လား''
ချူခွမ်းရန်က မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ကာပြန်မေးသည်။
'' မင်းသိရမှာက...မင်းကငါ့ရဲ့ စီနီယာအစ်ကိုဖြစ်ဖို့အခွင့်အရေးမရှိဘူးဆိုတာပဲ''
နန်းကုန်းဟောင်သည် သာမန်ပုံစံဖြင့်ပြောဆိုလိုက်ပြီး သူ၏ပတ်ဝန်းကျင်းရှိဖိအားသည် ပိုမိုပြင်းထန်လာသည်။
'' အာ...မင်းကြည့်ရတာ မကျေနပ်ချက်အချို့ရှိနေပုံပဲ..''
'' ငါ့မှာ ငါရဲ့ကိုယ်ပိုင်သတ်မှတ်ချက်တွေရှိတယ်၊ကောင်းကင်နက်ဂိုဏ်းက ရှေးဟောင်းကျင့်ကြံခြင်းနယ်မြေတစ်ခုဖြစ်သလို တပည့်ခေါင်းဆောင်ဆိုတာ ဂိုဏ်းရဲ့အဓိကပုံရိပ်ဖြစ်တယ်၊အဲဒီနေရာတွေသာမန်လူတွေနဲ့အစားထိုးလို့မရဘူး၊ ငါအခုရောက်လာတာက မင်းရဲ့အစွမ်းအစကိုစစ်ဆေးမလို့ပဲ''
'' ပြောချင်တာက မင်းငါ့ကိုစိန်ခေါ်မလို့ရောက်လာတယ်ဆိုတာပေါ့''
'' အမှန်ပဲ...''
နန်းကုန်းဟောင်ကပြတ်သားစွာဆိုသည်။အမှန်ပင်၄င်းသည်သူ၏ရည်ရွယ်ချက်ဖြစ်သည်။သူသည် ချူခွမ်းရန်အားလူတိုင်း၏ရှေ့မှောက်တွင်အနိုင်ယူပြီး သူ၏စီနီယာအစ်ကိုကြီးဟူသောဂုဏ်ပုဒ်ကိုပြန်လည်ရယူလိုသည်။
ချူခွမ်းရန်ကပြုံးလိုက်သည်။
'' မင်းဒီလိုလုပ်ချင်တယ်ဆိုတာသေချာလား...''
'' မင်းကြောက်လို့ရှိရင် အရှုံးပေးနိုင်တယ်''
နန်းကုန်းဟောင်ကမထူးခြားစွာပြောသည်။
ချူခွမ်းရန်ဘေးရှိတာအိုဆရာသခင်တို့သည် အချင်းချင်းကြည့်နေကြသည်။
'' စီနီယာအစ်ကိုနန်းကုန်းဟောင်က ကောင်းကင်အဆင့်ကိုခြေတစ်လှမ်းရောက်နေပြီ၊ဆိုလိုတာက သူကတခြားစဦးစိတ်ဝိဉာဏ်အဆင့်ကျင့်ကြံသူတွေထက်ပိုသန်မာတယ်လို့ဆိုလိုတာပဲ၊ပြီးတော့သူမှာ ယင်ယန်နတ်ဘုရားမျက်လုံးလည်းရှိသေးတယ်၊သူကကောင်းကင်အဆင့်မရောက်သေးရင်တောင်သိပ်မလိုတော့ဘူး''
မုရုံချန်းက ချူခွမ်းရန်၏နံဘေးမှနေ၍တီးတိုးရှင်းပြနေသည်။ဤလက်တစ်ဆုပ်စာရှိသောတာအိုဆရာသခင်များပင်လျှင် ချူခွမ်းရန်အားသိပ်မမျှော်လင့်ထားကြပေ။မည်သို့ပင်ဆိုစေကာမူသူက ရွှေအမြူတေအဆင့်ပဲရှိသေးသည်မဟုတ်ပါလား။
နန်းကုန်းဟောင်နှင့်နှိုင်းယှဥ်ရလျှင် သူ၏ကျင့်ကြံခြင်းအခြေခံက အလွန်ပင်နိမ့်ကျနေသည်။
'' သခင်... သခင့်ကိုယ်စားကျွန်မတိုက်ခိုက်ပေးပါရစေ''
လန်ယုကနန်းကုန်ဟောင်အား ဓားသွားပမာထက်ရှသောမျက်လုံးများဖြင့်ကြည့်ကာဆိုသည်။ချူခွမ်းရန်အားဆန့်ကျင်သည့်မည်သူမဆို သူမ၏ရန်သူဖြစ်သည်။
နန်းကုန်းဟောင်မျက်.မှောင်အနည်းငယ်ကြုံ့လိုက်သည်။သူလန်ယု၏အော်ရာကြောင့်ဖိအားကိုခံစားရ၏။
ဒီမိန်းကလေးကဘယ်သူလဲ။
'' မလိုဘူး...ဂျူနီယာညီလေးတောင်းဆိုတာကငါပဲလေ''
ချူခွမ်းရန်ခပ်ရေးရေးပြုံးကာ နန်းကုန်ဟောင်ရှေ့ကိုလျှောက်သွားလိုက်ပြီးဆိုသည်။
'' ဂျူနီယာညီလေးရဲ့ လမ်းညွှန်မှုကိုစောင့်နေပါတယ်''
ချူခွမ်းရန်သူ့အားဂျူနီယာညီလေးဟုခေါ်သည့်အခါတိုင်း နန်းကုန်းဟောင်ဒေါသထွက်လာသည်။
'' ငါမင်းကိုတကယ့် စီနီယာအစ်ကိုကြီးက ဘယ်လိုလဲဆိုတာကိုပြရတာပေါ့''
ပြောပြီးသည် အဖြူရောင်အလင်းတစ်ချက်တောက်ပသွားကာ သူ၏ရှေ့တွင်ဓားရှည်တစ်ချောင်းထွက်ပေါ်လာသည်။ထိုဓားပေါ်လာသည်နှင့်တပြိုင်နက် ပြင်းထန်သောဓားအရှိန်အဝါတို့သည် အပြင်သို့ပေါက်ကွဲထွက်လာ၏။
'' ဒါမြင့်မြတ်ဓားတစ်လက်ဖြစ်တဲ့ ယွမ်ဟုန်သက်တန့်ဓားမလား''
လူတိုင်းသည်ဓားပေါ်ထွက်လာသည်နှင့် အံ့ဩတစ်ကြီးရေရွတ်လိုက်ကြသည်။
'' ချူခွမ်းရန်သည်လည်းချက်ချင်းပင် ကောင်းကင်သက်ဆင်းအား ဆင့်ခေါ်လိုက်သည်။
မြင့်မြတ်ဓားနှစ်ချောင်း၏အော်ရာသည် လေထဲတွင်တွေ့ဆုံကြပြီးမမြင်နိုင်သောဖိအားလှိုင်းတို့ထွက်ပေါ်လာသည်။ကြည့်ရှု့နေသူများသည် လေထုထဲတွင် မရေမတွက်.နိုင်သောသေးငယ်သည့်ဓားများဖြင့်ပြည့်နှက်သွားပြီး သူတို့၏ခန္ဓာကိုယ်အားလှီးဖြတ်နေသလိုခံစားလိုက်ကြရ၏။
'' ရေတံခွန်ဓားသိုင်း...''
နန်းကုန်းဟောင်သည်ယွမ်ဟုန်သက်တန့်ဓားကိုဆုပ်ကိုင်ကာစတင်တိုက်ခိုက်လိုက်သည်။ကြီးမာပြီးကျယ်ပြန့်သော ဓားအလင်းသည် လေထုထဲတွင်လျှပ်တစ်ပြက်ထွက်ပေါ်လာကာ ချူခွမ်းရန်ထံသို့ရေတံခွန်ကဲ့သို့စီးဝင်လာသည်။
ချူခွမ်းရန်သည် သူ၏ကြောက်.မက်ဖွယ်အော်ရာအားထုတ်လွှတ်ကာပြန်လည်တုန့်ပြန်လိုက်သည်။သူသည် ကောင်းကင်သက်ဆင်းအားဆုပ်ကိုင်ထားပြီး သူ၏အော်ရာသည်ဆန်းကြယ်စွာထွက်ပေါ်လာသည်။ထိုအချိန်တွင် လူနဲ့ဓားတို့သည် တစ်သားတည်းဖြစ်သွားလေတော့သည်။
၄င်းသည် လူနှင့်ဓားတို့၏ပေါင်းစည်းမှုဖြစ်သည်။ ၄င်းသည်မရေမတွက်နိုင်သောဓားကျင့်ကြံသူများစိတ်ကူးယဥ်နေကြသည့် လူသားနှင့်ဓားတစ်သားတည်းအဆင့်ပင်ဖြစ်လေသည်။
ချူခွမ်းရန်သည် သူ၏ဓားကိုရှေ့သို့်ဝေ့ယမ်းလိုက်သည်နှင့် ကြီးမားသော ခရမ်းရောင် ရောင်ခြည်များထွက်ပေါ်လာပြီး ငွေရောင်ဓားအလင်းတန်းကို ချက်ချင်းပင်ပိုင်းဖြတ်လိုက်သည်။
ထိတ်လန့်ဖွယ်ဓားအော်ရာ၏သက်ရောက်မှုကြောင့် နန်းကုန်းဟောင်ခြေလှမ်းအနည်းငယ်နောက်ဆုတ်လိုက်ရသည်။သူ ချူခွမ်းရန်အားနားမလည်နိုင်စွာကြည့်လိုက်သည်။
'' ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...''
သူသည် ဓားတစ်ချက်.မျှဖြင့်အမှန်ပင်ဖိအားပေးခံလိုက်ရသည်။
'' စဦးစိတ်ဝိဉာဏ်အဆင့်..''
'' စီနီယာအစ်ကိုကြီးရဲ့ ကျင့်ကြံဆင့်က စဦးစိတ်ဝိဉာဏ်အဆင့်ကိုရောက်သွားပြီ...''
မုရုံချန်း၊ကျန်းရီတို့သည် မယုံကြည်နိုင်စွာကြည့်လိုက်ကြသည်။ထိုအချိန်တွင် ချူခွမ်းရန်ထုတ်ဖော်ပြသလိုက်သော ကျင့်ကြံခြင်းအခြေခံသည် အံ့အားသင့်စရာကောင်းလောက်အောင်ပင် စဦးစိတ်ဝိဉာဏ်အဆင့်ဖြစ်နေသည်။
ဝင်ပေါက်ကိုးခုဓားနှလုံးသားခန္ဓာကိုယ်အပါအဝင် ၊ဓားနှင့်လူတစ်သားတည်းအဆင့် ၊ စဦးစိတ်ဝိဉာဏ်အဆင့်၏ဝိဉာဏ်ချီတို့၏အောက်တွင် နန်းကုန်းဟောင်သည် အမှန်ပင်ဓားတစ်ချက်ဖြင့်ဖိနှိပ်ခံခဲ့ရခြင်းဖြစ်သည်။
' ဒီနေ့ငါ စဦးစိတ်ဝိဥာဏ်အဆင့် အတွေ့အကြုံကတ်ကိုရခဲ့တာတကယ်ကံကောင်းတယ် ၊ မဟုတ်ရင် နန်းကုန်းဟောင်နဲ့ရင်ဆိုင်ရတာအခုလိုလွယ်ကူမှာမဟုတ်ဘူး'
ချူခွမ်းရန်သည် သူ၏ကိုယ်ထဲတွင် ပြင်းထန်စွာစီးဆင်းနေသော ဝိဉာဏ်ချီများကိုခံစားရသည်။
ခုနက သူစဦးစိတ်ဝိဉာဏ်အတွေ့အကြုံကတ်ကိုအသုံးပြုခဲ့သည်။၄င်းသည်သူ့အား စဦးစိတ်ဝိဉာဏ်အဆင့်သို့မြင့်တက်စေ၏။
ကတ်၏အကျိုးသက်ရောက်မှုသည်ကား တစ်နာရီမျှသာဖြစ်သည်။သို့သော်ဤတစ်နာရီသည်ပင်လျှင် နန်းကုန်းဟောင်အားအနိုင်ယူရန် လိုအပ်သည်ထက်ပိုနေသေးသည်။
CZYTASZ
Akcjaအကျဉ်းချုပ်... ကျင့်ကြံခြင်းကမ္ဘာကို ရောက်ရှိသွားခဲ့တဲ့ ချူခွမ်းရန်မှာ ပထမဆုံး ဆယ်ကြိမ်အထိ ကံကောင်းခြင်းကို ဆက်တိုက်ဆွဲယူနိုင်တဲ့ ဂိမ်းပလပ်အင်တစ်ခု ပါလာတဲ့အခါမှာတော့... ဂုဏ်ယူပါတယ်... ပိုင်ရှင်က ဒဏ္ဍာရီအဆင့် စွန့်ပစ်အင်မော်တယ် အရှိန်အဝါကို ဆွဲယူနိ...