အပိုင်း ၃၇၁ အင်ပါရီယန်လျှောက်လှမ်းသူများ၏ ဝန်းရံခြင်းကိုခံရခြင်း

441 51 0
                                    

အပိုင်း ၃၇၁ အင်ပါရီယန်လျှောက်လှမ်းသူများ၏ ဝန်းရံခြင်းကိုခံရခြင်း၊ အခုမှ အစပဲရှိသေးတယ်...

'' ငွေအလင်းဓားနည်းစနစ်...''

   လီဖုဖျင်က သူ၏ဓားကိုဝှေ့ယမ်းလိုက်ပြီး နောက်ထပ်ဓားအလင်းတန်းတစ်ခုကို ထုတ်လွှတ်တိုက်ခိုက်လိုက်၏။

    သူ၏အားအပြည့်ဖြင့်တိုက်ခိုက်သော တိုက်ခိုက်မှုနှစ်ခုက ချူခွမ်းရန်၏ သာမန်ဓားချက်ကိုခုခံနိုင်ရုံလေးသာဖြစ်ကြောင်းသိလိုက်ရသောအခါ သူ၏နှလုံးသားတစ်ခုလုံးခဲဆွဲထားသလိုလေးလံလာ၏။

' သူရဲ့ စွမ်အားက ငါ့ထက်ဘာလို့ဒီလောက်ကြီးမားနေရတာလဲ၊ ငါတို့နှစ်ယောက်စလုံး ဓားကျင့်ကြံသူတွေပဲလေ၊ ဒါက ဝင်ပေါက်ကိုးခုဓားနှလုံးသားများကြောင့်လား...''

' ကြည့်ရတာ ငါ့ရဲ့လခြမ်းကွေးခန္ဓာကိုယ်က ချူခွမ်းရန်နဲ့ယှဥ်ရင် အဆင့်နိမ့်လွန်းသလိုပဲ...''

   လီဖုဖျင်က တွေးတောလိုက်သော်လည်း အမှန်တရားကိုလက်ခံရန် ခက်ခဲနေ၏။

    ဝင်ပေါက်ကိုးခုဓားနှလုံးသားသည် ဓားကျင့်ကြံသူများအတွက်အလွန်အဖိုးအနဂ္ဂထိုက်တန်သော တာအိုခန္ဓာတစ်ခုဖြစ်ပြီး ဓားတာအိုလေ့လာသူများအတွက် အလွန်အသုံးဝင်၏။ဓားကျင့်ကြံသူတိုင်းက ၄င်းကိုလိုချင်ကြပြီး တစ်ချို့လူများကသာပိုင်ဆိုင်နိုင်လေသည်။

     လီဖုဖျင်က ထိုအချက်ကိုသတိပြုမိသော်လည်း သူ၏မပျော်မရွင်ဖြစ်မှုမှာ ပျောက်ပျက်မသွားချေ။

'' လာ ဆက်တိုက်ကြတာပေါ့...''

ချူခွမ်းရန်က တည်ငြိမ်စွာပြောလိုက်သည်။

   ထို့နောက် ဆန်းကြယ်သော တာအိုစည်းချက်စီးကြောင်းများက သူ၏ခန္ဓာကိုယ်အနီးတဝိုက်တွင်ဖြစ်ပေါ်လာပြီး ကောင်းကင်ဓားက သူ့အပေါ်တွင်ဖွဲ့စည်းလာကာ ပတ်ဝန်းကျင်ရှိဓားချီများက ကြာပန်းစိမ်းဓားချီဥယျာဥ်တစ်ခုအဖြစ်သို့ပြောင်းလဲသွားကြလေသည်။၄င်းသည် ဝင်ပေါက်ကိုးခုဓားနှလုံးသား၏ မန္တာန်တစ်ခုပင်ဖြစ်လေသည်။

    တာအိုခန္ဓာကိုယ်တစ်ခု၏ အသွင်ပြောင်းလခြင်းစွမ်းအားကိုအပြည့်အဝအသုံးပြုလိုက်သောအခါ ချူခွမ်းရန်၏ တိုက်ပွဲစွမ်းအားက အဆမတန်တိုးပွားလာလေ၏။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now