အပိုင်း ၄၃ မြင့်မြတ်သခင်တစ်ဦးကိုသတ်ဖြတ်ခြင်း၊ ကောင်းကင်ကြီးနီရဲသွားခြင်း

748 69 0
                                    

အပိုင်း ၄၃ မြင့်မြတ်သခင်တစ်ဦးကိုသတ်ဖြတ်ခြင်း၊ ကောင်းကင်ကြီးနီရဲသွားခြင်း

ခရမ်းရောင်မူလအခိုးအငွေ့သည် ချူခွမ်းရန်၏ သွေးကြောများထဲတွင် များပြားသော စွမ်းအားများအဖြစ်သို့ပြောင်းလဲသွားသည်။

ချူခွမ်းရန်က သူ၏လက်ရှိစွမ်းအားဖြင့်ဆိုလျှင် ကောင်းကင်နှင့်မြေပြင်ကို နှစ်ခြမ်းခြမ်းပစ်နိုင်ပြီး လောကအားလုံးကိုလွှမ်းမိုးခြယ်လှယ်နိုင်စွမ်း ရှိသည်ဟုခံစားနေရသည်။ထိုအချိန်တွင် သူ၏ကျင့်ကြံခြင်းသည် တခြားအဆင့်တစ်ခုသို့ရောက်ရှိသွားပြီဖြစ်သည်။

သူ့တွင် အထွတ်အထိပ်တာအိုခန္ဓာကိုလည်းပိုင်ဆိုင်ထားပြီး အခြေခံတည်ဆောက်ခြင်းသုံးခုစလုံးတွင် အထွတ်အထိပ်သို့ရောက်ရှိခဲ့သည်။ထို့အပြင် ပညာရှင်အဆင့်နည်းစနစ်များနှင့် ပညာရှင်အုပ်စိုးသူအဆင့်နည်းစနစ်များကိုလည်း ကျွမ်းကျင်ထားသည်။ထို့ကြောင့်သူသည် အစွမ်းထက်ဆုံးသော မြင့်မြတ်သခင်တစ်ဦးဖြစ်လာခဲ့လေသည်။

သူ ထိုအဆင့်သို့ရောက်ရှိလာသည်နှင့် တခြားသောထိပ်တန်းမြင့်မြတ်သခင်များကို ကြီးစိုးနိုင်သောအော်ရာများကိုထုတ်လွှတ်လိုက်၏။ အော်ရာများသည် ဆူနာမီလှိုင်းလုံးများကဲ့သို့ ထိုနေရာတွင်ရှိနေသော လူစုများအပေါ် ကျရောက်သွားသည်။

အဆုံးမဲ့ဆွဲငင်အားအကာအကွယ်သည် သူ၏အော်ရာကိုတောင့်ခံနိုင်စွမ်းမရှိပဲ စတင်အက်ကွဲလာခဲ့သည်။ကျယ်လောင်သော အသံနှင့်အတူ အကာအကွယ်တစ်ခုလုံးသည် အပိုင်းအစများအဖြစ်သို့ ပျက်စီးသွားလေသည်။

ကြီးစိုးခြယ်လှယ်နိုင်သော အော်ရာစီးကြောင်းများသည် အကာအကွယ်ကို ကျော်ဖြတ်ကာ အဖက်ဖက်သို့ပျံနှံ့သွား၏။

ထိုအဖြစ်အပျက်ကြောင့် အဖြူရောင်တိမ်တိုက်မြို့တော်တစ်ခုလုံးသည် ထိတ်လန့်သွားသည်။

မြို့ထဲရှိကျင့်ကြံသူတိုင်းနှင့် မြင့်မြတ်သခင်အချို့ပင် မြို့တော်ခန်းမကိုကြည့်ရှု့မိသည်နှင့် အေးခဲသွားသည်။

'' ဒီလောက်ကြီးကျယ်တဲ့အော်ရာ ဘယ်လိုတာအိုစည်းချက်တွေလဲ...''

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Opowieści tętniące życiem. Odkryj je teraz