အပိုင်း ၃၇ ကြာပန်းစိမ်း စွမ်းအားအပြည့်ဖြင့်ပွင့်လန်းလာခြင်း

712 72 0
                                    

အပိုင်း ၃၇ ကြာပန်းစိမ်း စွမ်းအားအပြည့်ဖြင့်ပွင့်လန်းလာခြင်း

'' သူ့တို့တွေကနတ်ဘုရားတွေလိုပဲ...''

'' သူတို့ကဘယ်သူတွေလဲ...''

'' လီချင်းချန်ကသူတို့အတွက်ပွဲကျင်းပပေးတာမထူးဆန်းပါဘူး...''

'' ဝိုး...ချင်းချန်ကိုကမ္ဘာပေါ်မှာအလှဆုံးလို့ဆိုကြတယ်၊ဒါပေမဲ့သူတို့ဘေးမှာရပ်နေရင်ဘာမှမဟုတ်တော့ပါလား..''

'' သူတို့ရဲ့ရွေ့လျားမှုတိုင်းက စကြဝဠာနဲ့အတူစီးမျောနေသလိုပဲ...သူတို့တခြားကမ္ဘာကရောက်လာကြတာလား..''

လူအုပ်သည်လည်းသတိပြန်ဝင်သွားကြပြီး ချူခွမ်းရန်နှင့်လန်ယု ကိုကြည့်ကာအော်ဟစ်နေကြသည်။ဒီစုံတွဲက တကယ့်ကို ရင်သက်ရှုမောဖွယ်ပဲ။

အထူးသဖြင့်ချူခွမ်းရန်ပင်ဖြစ်သည် သူ့ထံမှထွက်ပေါ်လာသော အော်ရာသည် အမှန်ပင်ထူးခြားသည်။တချို့သူတော်စင်များပင် သူ့ကိုယှဥ်ပြိုင်နိုင်မည်မဟုတ်ချေ။

'' သူတို့နဲ့မိတ်ဆက်ပေးပါရစေ၊ သူကတော့ ကောင်းကင်နက်ဂိုဏ်းရဲ့စီနီယာအစ်ကိုကြီးချူခွမ်းရန်ဖြစ်ပြီး၊ ဒီဘက်ကမိန်းကလေးကတော့ လန်ယုဖြစ်ပါတယ်''

လီချင်းချန်ကပြုံးကာမိတ်ဆက်​းေပးလိုက်၏။

သူပြောသည်ကိုကြားသည်နှင့် လူအုပ်ကြီးသည် လုံးဝတတိတ်ဆိတ်သွားလေသည်။လောကကြီးကိုထွက်လာခဲ့ပြီး အားလုံးကိုစိန်ခေါ်ခဲ့တဲ့ ချူခွမ်းရန်နဲ့အတူတူပဲလား...။

လူများကသူ့ကိုစူးစမ်းလိုစိတ်ဖြင့်ကြည့်လိုက်ကြသည်။အထူးသဖြင့် ထူးချွန် သောက ျင့်ကြံသူများသည် သူ့ကိုစိတ်အားထက်သန်စွာဖြင့်ကြည့်နေကြလေသည်။

'' အဲ့တာသူပဲ,''

'' သူကတော်ဝင်အဇူရာ ဂူချန်ဂီ ကိုအနိုင်ယူခဲ့တဲ့သူပဲ...''

္'' ဆိုတော့ သူကဒီလိုပုံစံမျိုးပေါ့...''

'' စီနီယာချူနဲ့ မိန်းကလေးလန်ဒီမှာလာထိုင်ကြပါ..''

လီချင်းချန်က သူနှင့်သူ့မိသားစုဘေးတွင် နေရာချပေးလေ၏။

ပွဲမှာစတင်ပြီဖြစ်ပြီး...အကမယ်များမှာ စင်ပေါ်တွင်ကပြနေကြသည်။လူများမှာလည်းပျော်ပျော်ရွင်ရွင်နှင့်စကားပြောဆိုနေကြသည်။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now