အပိုင်း ၃၈၈ မင်းတို့အားလုံးကိုယ့်ကိုကိုယ်အဆုံးစီရင်စမ်း၊ ပညာရှင်များကပါသေစေလိုခြင်း
အားနည်းနေသော အခြေအနေမှာဆိုလျှင်တောင် ပညာရှင်အုပ်စိုးသူတစ်ယောက်၏ စိတ်ဝိညာဥ်ကိုလျှော့တွက်၍မရပေ။ သူ၏ခန္ဓာကိုယ်ထဲတွင် သိုလှောင်ထားသော နတ်ဆိုးအဆီအနှစ်ကဲ့သို့ပင် ချုခွမ်းရန်က ၄င်းကို သူ ထိပ်တန်းပညာရှင်အခြေကို ဖန်တီးရာတွင် အသုံးပြုရန်ချန်ထားလိုက်သည်။
ထို့နောက်ချူခွမ်းရန်က မြွေနတ်ဘုရား၏အလောင်းကို ယင်ယန်လက်စွပ်ထဲတွင်ထည့်ထားလိုက်သည်။
ခေါင်းကိုးလုံးမြွေနဂါးအပါအဝင် ချူခွမ်းရန်တွင် ပညာရှင်အုပ်စိုးသူ အဆင့်သားရဲနှစ်ကောင်၏ ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားပြီဖြစ်သည်။ထို့အပြင် သူ့တွင် အမည်မဲ့ကျွန်းမှရရှိခဲ့သော အင်ပါယာတစ်ပိုင်းကျင့်ကြံသူ၏အလောင်းလည်းရှိနေသေးသည်။ထိုအရာများက သူထိပ်တန်းပညာရှင်အခြေကိုဖန်တီးရာတွင် အဓိကလိုအပ်သောပါဝင်ပစ္စည်းများဖြစ်လာပေလိမ့်မည်။
'' အခု မင်းတို့နဲ့စာရင်းရှင်းဖို့ပဲကျန်တော့တယ်...''
ချူခွမ်းရန်က ပင်လယ်ကျွန်းစုသုံးဆယ့်ခြောက်ကျွန်း၏ အကြီးအကဲများကို စိုက်ကြည့်လိုက်သည်။
ချူခွမ်းရန်၏မျက်လုံးသည် ရေခဲတမျှအေးစက်သော လူသတ်ငွေ့များဖြင့်တောက်လောင်နေပြီး ထိုအရာက အကြီးအကဲများကို ကြောက်ဒူးတုန်စေ၏။သူတို့ကပြေးရန်ကြံစည်လိုက်သောအချိန်တွင် သူတို့၏ခန္ဓာကိုယ်များကိုလှုပ်မရတော့ကြောင်းတွေ့လိုက်ရသည်။
'' ချူခွမ်းရန်...မင်းဘာလုပ်မလို့လဲ...''
သိမ်းငှက်နှာခေါင်းနှင့်လူကြီးက ချူခွမ်းရန်ကိုကြောက်လန့်တကြား မေးလိုက်သည်။
ချုခွမ်းရန်က မြွေနတ်ဘုရားကိုတောင် သတ်ပစ်လိုက်ပြီဖြစ်သောကြောင့် သူတို့မှာပြန်လည်တိုက်ခိုက်ရန်အခွင့်အရေးမရှိတော့ချေ။
သူတို့ရှေ့တွင်ရပ်နေသော လူငယ်မှာ အလွန်ကြောက်စရာကောင်းသောသူမျိုးဖြစ်သည်။
أنت تقرأ
حركة (أكشن)အကျဉ်းချုပ်... ကျင့်ကြံခြင်းကမ္ဘာကို ရောက်ရှိသွားခဲ့တဲ့ ချူခွမ်းရန်မှာ ပထမဆုံး ဆယ်ကြိမ်အထိ ကံကောင်းခြင်းကို ဆက်တိုက်ဆွဲယူနိုင်တဲ့ ဂိမ်းပလပ်အင်တစ်ခု ပါလာတဲ့အခါမှာတော့... ဂုဏ်ယူပါတယ်... ပိုင်ရှင်က ဒဏ္ဍာရီအဆင့် စွန့်ပစ်အင်မော်တယ် အရှိန်အဝါကို ဆွဲယူနိ...