အပိုင်း ၃၃၅ မရဏနန်းတော်မှသူလျှို၊ သူလျှိုကိုဘက်ပြောင်းလိုက်ခြင်း

538 49 0
                                    

အပိုင်း ၃၃၅ မရဏနန်းတော်မှသူလျှို၊ သူလျှိုကိုဘက်ပြောင်းလိုက်ခြင်း

'' ကျောက်ထျန်းလုံ၊ ကောင်းကင်နက်ဂိုဏ်း၏အတွင်းတပည့်၊ မရဏနန်းတော်၏သူလျှိုတစ်ယောက်ဖြစ်ပြီး သရုပ်မှန်ကိုဖုံးကွယ်ထား၊ တစ်ချိန်က စဦးစိတ်ဝိညာဥ်ပြီးပြည့်စုံခြင်းအဆင့်ဖြစ်ပြီး ယခုအလယ်ဆင့်၊ ကျင့်ကြံဆင့်ကိုဖုံးကွယ်ရန် နည်းစနစ်တစ်မျိုးမျိုးအသုံးပြုထားသည်ဟုထင်ရ...၊ မြင့်မြတ်သခင်အဆင့်နည်းစနစ်များစွာကိုတတ်ကျွမ်း...''

ချူခွမ်းရန်က သူ့ရှေ့တွင်ရပ်နေသော တက်ကြွသည့်လူငယ်လေးကို ပြုံးစိစိဖြင့်စိုက်ကြည့်လိုက်သည်။

မရဏနန်းတော်မှ သူလျှိုတစ်ယောက်ဖြစ်သော ထိုလူငယ်ကချူခွမ်းရန်ကို ကြောက်ရွံ့နေသင့်သည်မဟုတ်ပါလား...။

သို့သော် သည်ကောင်လေး၏ မျက်လုံးထဲတွင် ချူခွမ်းရန်ကိုအားကျပြီး လေးစားနေသည့်အရိပ်အယောင်များကိုတွေ့ရသည်။

' ဟမ့်...ဘယ်လောင်တောင်သရုပ်ဆောင်ကောင်းလိုက်သလဲ...'

ချူခွမ်းရန်က ရယ်မောလိုက်ကာ ကျောက်ထျန်းလုံအား ဆုလာဒ်ကိုပေးလိုက်၏။မျက်နှာပေါ်တွင် သံသယရှိနေသည်ကိုမပေါ်လွင်စေပဲ သူကပြောသည်။

'' ကောင်းကောင်းသိမ်းထား...မင်းတို့က ဂိုဏ်းရဲ့အနာဂတ်တွေပဲ...''

ကျောက်ထျန်းလုံက တလေးတစားဖြင့်ခေါင်းညိတ်လိုက်သည်။

'' ဟုတ်ကဲ့ပါ...ဂိုဏ်းချုပ်...''

ဟမြ့...။

' ကောင်းကင်နက်ဂိုဏ်းရဲ့ အနာဂတ်ကငရဲပဲဖြစ်လိမ့်မယ် ချူခွမ်းရန်၊ မင်းသေလုမျောပါးဖြစ်နေတဲ့ အချိန်မှာတောင် ငါက မရဏနန်းတော်က သူလျှိုဆိုတာကိုမင်းသိသွားမှာမဟုတ်ဘူး...'

' တစ်နေ့ကျရင် ငါကကောင်းကင်နက်ဂိုဏ်းရဲ့အတွင်းရေးတွေအကုန်လုံးကိုစုံစမ်းမယ်၊ ပြီးတော့ခေါင်းဆောင်တွေကိုသတင်းပို့မယ်၊ အဲ့အချိန်က မင်းရဲ့ကျဆုံးခန်းပဲ...'

' အဲ့အချိန်ကျရင် ငါရဲ့အောင်မြင်မှုက နတ်ဆိုးကျင့်ကြံခြင်းနယ်မြေတွေအကုန်လုံးမှာ ကျော်ကြားလိမ့်မယ်...''

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Donde viven las historias. Descúbrelo ahora