အပိုင်း ၃၈၆ သုံးခွခက်ရင်း၏စွမ်းအား၊ ပင်လယ်ကိုထိန်းချုပ်ခြင်း

399 40 1
                                    

အပိုင်း ၃၈၆ သုံးခွခက်ရင်း၏စွမ်းအား၊ ပင်လယ်ကိုထိန်းချုပ်ခြင်း၊ အရှင်လတ်လတ်အရေခွံခွာပစ်မယ်

ထိုလှောင်အိမ်အတွင်းတွင် ထူးဆန်းသောအလင်းရောင်များတောက်ပနေ၏။ထို့အပြင် အပြာရောင်ရုန်းသင်္ကေတများကလည်း လှည့်ပတ်နေကြ၏။

ချိတ်ပိတ်ခြင်းစွမ်းအားလှိုင်းတစ်ခုက ဖြာထွက်လာ၏။

ချူခွမ်းရန်က သူ၏ကိုယ်တွင်းရှိ ဝိညာဥ်စွမ်းအားသည် အလျင်အမြန်လျော့ကျလာသည်ကို ခံစားမိ၏။

သူက ဓားနည်းစနစ်တစ်ခုကိုထုတ်ဖော်လိုက်၏။သို့သော် သူ၏စွမ်းအားသည်အပြည့်အဝကထက် ဆယ်ပုံတစ်ပုံခန့်လျော့ချခံလိုက်ရပြီး ကျန်စွမ်းအားမှာလည်း ဆက်လက်ဖိနှိပ်ခံနေရသည်။

'' ဟား...ဟား...၊ အသုံးမဝင်ဘူး၊ ဒီလှောင်အိမ်က ကြီးမြတ်သောပညာရှင်တစ်ယောက်ကိုတောင် ချုပ်နှောင်ထားနိုင်တယ်၊ မင်းလို ပညာရှင်မဟုတ်တဲ့သူဆို အေးဆေးပဲ...''

မြွေနတ်ဘုရားက ရယ်မောလိုက်ပြီး ၄င်း၏စူးရှတောက်ပနေသော အဝါရောင်မျက်လုံးကြီးများဖြင့် ချူခွမ်းရန်ကိုစိုက်ကြည့်လိုက်၏။

'' ကောင်လေး...မင်းကငါ့ရဲ့ရတနာထဲကတစ်ခုဖြစ်လာလိမ့်မယ်၊ မင်းက အခုလိုတန်ဖိုးရှိတဲ့ရတနာတွေနဲ့တစ်ခန်းထဲနေရတဲ့အတွက် ဂုဏ်ယူသင့်တယ်...''

မြွေနတ်ဘရားက ​ပြောလိုက်သည်။

'' ခင်ဗျားမှာ အပျင်းလွန်တဲ့ရောဂါ ရှိနေလိမ့်မယ်လို့မထင်ထားဘူး...''

ချူခွမ်းရန်က မြွေနတ်ဘုရား၏စကားကိုကြားသောအခါ အထက်ပါအတိုင်းလှောင်ပြောင်လိုက်မိ၏။

'' ကောင်လေး...၊ မင်းကအခုလိုအခြေအနေမျိုးရောက်နေတာတောင် ရယ်မောနေနိုင်တာကိုငါတကယ်လေးစားပါတယ်၊ မင်းက အင်မော်တယ်ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားရုံနဲ့အရာအားလုံးလုပ်နိုင်ပြီထင်တာလား၊ မင်းကိုငါမသတ်နိုင်ရင်တောင် လူတစ်ယောက်ကိုနှိပ်စက်ဖို့ နည်းလမ်းတွေအများကြီးရှိတယ်၊ ငါအဲ့ဒီနည်းလမ်းတွေကို အသုံးပြုပြီးတော့မင်းကို နေ့တိုင်းနှိပ်စက်မယ်...''

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Donde viven las historias. Descúbrelo ahora