အပိုင်း ၁၄၁
ဓားဝိညာဥ်ပိုင်ရှင်အသစ်၊ ကမ္ဘာ့ဓားသူရဲကောင်းခုနှစ်ယောက်ထဲက သုံးယောက်ရောက်လာတယ်ဓားတာအိုစည်းချက်များသည် ချူခွမ်းရန်၏ ပတ်လည်တွင် တလိပ်လိပ်ထနေပြီး သူ၏တာအိုအသွင်သုံးခုကိုလည်း ထုတ်ဖော်ထားသည်။
သူ၏ဝင်ပေါက်ကိုးခုဓားနလုံးသား၏ပဲ့တင်ထပ်မှုကြောင့် ဓားဝိညာဥ်သည်ပျံလွှားငှက်တစ်ကောင်အလားသူ့ထံသို့ ပျံသန်းလာလေ၏။
ထိုအရာကိုမြင်သည်နှင့် ဓားကျင့်ကြံသူများသည် ပျံသန်းနေသော ဓားဝိညာဥ်ကိုရပ်တန့်စေရန်ချက်ချင်းတုံ့ပြန်လိုက်ကြသည်။ သူတို့က ပြင်ပလူဖြစ်သော ချူခွမ်းရန်ကို ဓားဝိညာဥ်ကိုမရစေချင်ပေ။
'' ငါရှိနေရင် မင်းဓားဝိညာဥ်ကိုမရစေရဘူး...''
'' အမှန်ပဲ...ဓားဝိညာဥ်ကငါ့အပိုင်ပဲ...''
'' အဲ့တာကချူခွမ်းရန်ဆိုရင်တောင် ငါတိုက်ခိုက်ဦးမှာပဲ...''
ဓားကျင့်ကြံသူအားလုံးက ဓားဝိညာဥ်ကိုရပ်တန့်ရပ်အတွက် ခုန်ဝင်လာကြသည်။သို့သော်သူတို့ ၄င်း၏အနီးသို့မရောက်ခင်မှာပင် အားလှိုင်းလုံးတစ်လုံးသည် သူတို့အားအဖက်ဖက်မှ ဖိနှိပ်လာခဲ့၏။ရလဒ်အနေဖြင့် သူတို့၏ခန္ဓာကိုယ်အပါအဝင် သူတို့၏ဓားများပါ လေထု ထဲတွ င်ရပ်တန့်နေကြ၏။
'' မင်းတို့အားလုံးအဲ့တာကိုလိုချင်ရင် ငါ့ကိုဖြတ်ကျော်ရလိမ့်မယ်...''
ချူခွမ်းရန်က အေးစက်စက်ပြောလိုက်သည်။သူက သူ၏ဓားကိုစင်းကောင်းကင် အကျဥ်းထောင်ထဲတွင် ရှိနေသော မည်သည့်ကျင့်ကြံသူကိုမဆိုဖိနှိပ်နိုင်သည်။ အထူးသဖြင့် ဓားကျင့်ကြံသူများပင်ဖြစ်သည်။
သူ၏လက်ရှိကျင့်ကြံခြင်းအဆင့်နှင့်ဆိုလျှင် မြင့်မြတ်သခင်တစ်ယောက်ပင် မလွတ်မြောက်နိုင်ပေ။
မြင့်မြတ်သခင် ဓားသမားအားလုံးသည် ဆွံ့အနေကြ၏။ သူတို့က ချူခွမ်းရန်သည် မြင့်မြတ်သခင်ဓားသမားအားလုံးကို အတင်းအကြပ်ထဲသို့ ရောက်အောင်ပြုလုပ်နိုင်လိမ့်မည်ဟု မထင်ထားခဲ့ချေ။
သိထားရသည်မှာ ဤနေရာတွင် စစ်ဧကရာဇ်များနှင့် နောက်ထပ် ကျင့်ကြံသူရာပေါင်းများစွာကို မရေတွက်ပဲ မြင့်မြတ်သခင်အဆင့် ကျင့်ကြံသူတစ်ဒါဇင်ကျော်ခန့် ရှိနေပေသည်။
YOU ARE READING
Actionအကျဉ်းချုပ်... ကျင့်ကြံခြင်းကမ္ဘာကို ရောက်ရှိသွားခဲ့တဲ့ ချူခွမ်းရန်မှာ ပထမဆုံး ဆယ်ကြိမ်အထိ ကံကောင်းခြင်းကို ဆက်တိုက်ဆွဲယူနိုင်တဲ့ ဂိမ်းပလပ်အင်တစ်ခု ပါလာတဲ့အခါမှာတော့... ဂုဏ်ယူပါတယ်... ပိုင်ရှင်က ဒဏ္ဍာရီအဆင့် စွန့်ပစ်အင်မော်တယ် အရှိန်အဝါကို ဆွဲယူနိ...