အပိုင်း ၆၉ မြင့်မြတ်သခင်များဦးညွတ်ကြခြင်း၊ တော်ဝင်မြို့တော်ကိုပြန်သွားကြတာပေါ့

690 60 3
                                    

အပိုင်း ၆၉ မြင့်မြတ်သခင်များဦးညွတ်ကြခြင်း၊ တော်ဝင်မြို့တော်ကိုပြန်သွားကြတာပေါ့

'' လျှို့ဝှက်နယ်မြေထဲမှာ ဒီလိုလျှို့ဝှက်ချက်မျိုးရှိနေတာမယုံနိုင်စရာပဲ...''

'' အမှန်ပဲ...ဒါကအံ့ဩစရာကောင်းတယ်...''

'' ပညာရှင်အလင်းနက်က ကောင်းကင်သားတော်တွေကို အာဟာရအဖြစ်စားသုံးနေတာအမှန်ပဲဆိုရင် ဒါကတကယ်ကိုရက်စက်ပြီး ကြောက်စရာကောင်းတာပဲ...ပညာတောက်ပသောအလင်းက သူ့ကိုနှစ်ပေါင်းများစွာအကျဥ်းချထားခဲ့တာမှန်တယ်...''

ကျင့်ကြံခြင်းနယ်မြေအသီးသီးမှ မြင့်မြတ်သခင်များက ထိုအကြောင်းကိုကြားသည်နှင့် ခါးသီးကာ ဒေါသထွက်လာကြသည်။

တစ်ချိန်တည်းမှာပင် ချုခွမ်းရန်ကသိုင်းပညာရှင်တစ်ဦးကို ဘာကြောင့်သတ်နိုင်ခဲ့သည်ကိုသိရှိလိုက်ကြသည်။အလင်းနက်သည် အားနည်းနေသည့်အပြင် တောက်ပသောအလင်း၏အကူအညီကြောင့်ဖြစ်သည်။

အချပ်အလက်များသည် တုန်လှုပ်ဖွယ်ကောင်းပြီးမယုံကြည်နိုင်ဖွယ်ရှိသော်လည်း ယခုအချိန်တွင်အားလုံးက လက်ခံနိုင်ကြပြီဖြစ်သည်။

'' အခုမကျေနပ်တဲ့သူတွေရှိသေးလား...ခွမ်းရန်ကြောင့်သာမဟုတ်ရင် ရှင်တို့ရဲ့ကောင်းကင်သားတော်တွေတစ်ယောက်မှ ပြန်လာနိုင်မှာမဟုတ်ဘူး...''

အကြီးအကဲရူယန်က လူအုပ်ထဲရှိသူတိုင်းကိုအေးစက်စက်ဖြင့်ကြည့်ကာ တည်ငြိမ်သောလေသံဖြင့်ပြောလိုက်သည်။

လူများက အချင်းချင်းကြည့်လိုက်ကြသည်။ကြည့်ရသည်မှာ သူတို့တွင် ပြောစရာစကားများများစားစား မရှိတော့ပုံပေါ်သည်။

'' ဂျူနီယာချူရဲ့ စွမ်းရည်တွေက တကယ်ထူးခြားတာပဲ၊ ဒီတော့ဘာမှပြောစရာမရှိတော့ပါဘူး...''

'' ရွတ်...ကြည့်ရတာဖြစ်ပျက်ခဲ့တာတွေက ကံကြမ္မာအတိုင်းပဲထင်တယ်...''

သူတို့နောက်ထပ်ဘာပြောစရာလိုသေးလို့လဲ...။

လျှို့ဝှက်နယ်မြေအတွင်းရှိ တန်ဖိုးရှိသောပစ္စည်းများနှင့် ရတနာများသည် ချူခွမ်းရန်လက်ထဲကိုရောက်ရှိသွားခဲ့ပြီဖြစ်သည်။ထို့အပြင်သူသည် အလင်းနက်ကိုသတ်ပြီး များစွာသော ကောင်းကင်သားတော်များ၏အသက်ကိုကယ်တင်ခဲ့သည်မဟုတ်ပါလား...။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now