အပိုင်း ၃၃၁ အကြေးခွံမျိုးနွယ်စုသခင်လေးကိုအနိုင်ယူခြင်း၊ သုံးခွမှိန်းကိုစွဲကိုင်ခြင်း၊ သူမဒီကိုရောက်နေပြီ...
'' ကောင်းပြီ၊ ငါမင်းဆန္ဒကိုဖြည့်ဆည်းပေးမယ်...''
ဂုဏ်ဆာနေသော ပိုင်မင်စန်းသည် ချူခွမ်းရန်၏ရန်စခြင်းကိုခံလိုက်ရသောအခါ တုံ့ဆိုင်းမနေတော့ပေ။
သူက ချူခွမ်းရန်ကိုရှုံးလိမ့်မည်ဟု လုံးဝတွေးထားခြင်းမရှိပေ။
ပိုင်မင်စန်း၏ ဆက်တိုက်အောင်ပွဲများက သူ့၏ယုံကြည်မှုကိုတိုးမြင့်စေရခြင်း၏အကြောင်းအရင်းလည်းဖြစ်ပေသည်။ထို့အပြင် တစ်ပိုင်းအင်ပါလက်နက်တစ်ခုကိုလည်း စွဲကိုင်ထားသဖြင့် သူ၏စွမ်းအားမှာ ကြီးမြတ်သောပညာရှင်များနှင့် သူတစ်ပြန်ကိုယ်တစ်ပြန်ဖြစ်လေသည်။
ချူခွမ်းရန် သူ့ကိုအနိုင်ရရှိရန်လုံးဝမဖြစ်နိုင်ဟု သူယုံကြည်ထားသည်။
ပိုင်မင်စန်းတစ်ယောက်သာထိုသို့တွေးတောသည်မဟုတ်။ကျန် အကြေးခွံမျိုးနွယ်စုတစ်ခုလုံး၏အတွေးသည်လည်း အတူတူပင်ဖြစ်လေသည်။
'' သခင်လေးရဲ့ စွမ်းအားကထိပ်တန်းမှာပဲ၊ သုံးခွမှိန်းကိုပါကိုင်ဆောင်ထားတော့ ပညာရှင်တွေတောင်သူ့ကိုယှဉ်နိုင်မှာမဟုတ်ဘူး၊ ချူခွမ်းရန်က ဘာမို့လို့လဲ...''
'' အမှန်ပဲ၊ သူဒီတိုက်ပွဲကိုရှုံးရလိမ့်မယ်...''
'' ချူခွမ်းရန်က ကုန်းမြေကြီးပေါ်ကပြိုင်ဘက်ကင်းကောင်းကင်သားတော်ပဲ၊ သူကအသက်ငယ်ငယ်လေးနဲ့မြင့်မြတ်သခင်နယ်ပယ်ရောက်နေပြီ၊ ကောလဟာလတွေအရ သူကပညာရှင်တွေကိုတောင်သတ်ဖူးတယ်တဲ့၊ ဒါပေမဲ့ သူဒီနေ့ငါတို့သခင်လေးနဲ့တွေ့တာစိတ်မကောင်းစရာပဲ၊ သူ့ကြမ္မာကဒီလောက်ပဲပါတယ်ထင်တယ်...''
အကြေးခွံမျိုးနွယ်စုဝင်များက စိတ်လှုပ်ရှားစွာဖြင့်ဆွေးနွေးနေကြသည်။
ကုန်းမြေကြီးပေါ်က ပညာရှင်များသည်လည်း စိတ်ဝင်စားနေကြသည်။
သူတို့က ချူခွမ်းရန်၏စွမ်းအားကိုကောင်းကောင်းနားလည်သော်လည်း ပိုင်မင်စန်း၏စွမ်းအားကိုလည်း လျှော့တွက်မရပေ။သူက သုံးခွမှိန်းနဲ့တောင်မှ ချူခွမ်းရန်ကိုရှုံးနိမ့်ဦးမှာလား...။
YOU ARE READING
Actionအကျဉ်းချုပ်... ကျင့်ကြံခြင်းကမ္ဘာကို ရောက်ရှိသွားခဲ့တဲ့ ချူခွမ်းရန်မှာ ပထမဆုံး ဆယ်ကြိမ်အထိ ကံကောင်းခြင်းကို ဆက်တိုက်ဆွဲယူနိုင်တဲ့ ဂိမ်းပလပ်အင်တစ်ခု ပါလာတဲ့အခါမှာတော့... ဂုဏ်ယူပါတယ်... ပိုင်ရှင်က ဒဏ္ဍာရီအဆင့် စွန့်ပစ်အင်မော်တယ် အရှိန်အဝါကို ဆွဲယူနိ...