အပိုင်း ၃၄၇ ဓားတစ်လက်ဖြင့်အင်ပါရီယန်လျှောက်လှမ်းသူများကိုစိုးမိုးခြင်း၊ အင်ပါယာလက်နက်ကိုသန့်စင်ခြင်း...
ကောင်းကင်သက်ဆင်းက အင်ပါရီယန်လျှောက်လှမ်းသူ နှစ်ဦး၏အပေါ်တွင် တဝဲဝဲလည်နေ၏။
အရိုးထိုးဖောက်လုမတတ်ထက်ရှသော ဓားတာအိုစည်းချက်များက လေထုထဲတွင်ထွက်ပေါ်လာပြီး မိုးရွာသလိုရွာချလာရာ ထိုနှစ်ယောက်က ရွေးချယ်စရာမရှိပဲ တိုက်ပွဲကိုရပ်တန့်လိုက်ရ၏။
သူတို့က လေထဲတွင်ရစ်ဝဲနေသော ဓားကိုကြည့်လိုက်ရာ ရင်ထဲတွင်တင်းကြပ်စွာခံစားလိုက်ရသည်။လှုပ်ရှားမှုအနည်းငယ်တောင် မလုပ်ရဲချေ။
'' ချူခွမ်းရန် ရောက်လာပြီ...''
ကော်စန်း က စိုးရိမ်တကြီးဖြင့်ပြောလိုက်သည်။
'' မဟုတ်ဘူး...သူရောက်လာတာမဟုတ်ဘူး၊ သူ့ဓားပဲရောက်လာတာ...''
မလှမ်းမကမ်းရှိယဲ့ရှင်းက အသက်ပြင်းပြင်းရှူကာ စူးရှသောအသံဖြင့်ပြောလိုက်သည်။
ဤနေရာသို့မလာခင် သူကချူခွမ်းရန်အကြောင်းကိုစုံစမ်းမှုများပြုလုပ်ခဲ့သည်။ထို့ကြောင့် ဤထူးကဲသောဓားသည် ချူခွမ်းရန်၏သစ္စာရှိလက်နက်တစ်ခုဖြစ်ကြောင်း သူသိနေသည်။
၄င်းသည် ဓားမျှသာဖြစ်သော်လည်း ဤမျှကြီးမားသော ဖိအားကိုသယ်ဆောင်ထား၏။
ဒါဆို ချူခွမ်းရန်ရဲ့တကယ့်စွမ်းအားက မည်မျှကြီးမားမည်နည်း။
ထိုအတွေးကြောင့် သူ၏နှလုံးသားအနည်းငယ်မငြိမ်မသက်ဖြစ်သွားရသည်။သူက သူ၏ပြိုင်ဘက်ကို တွေ့ရန်မစောင့်နိုင်တော့ချေ။
'' သူက တကယ့်ကိုပြိုင်ဘက်ကောင်းတစ်ယောက်ပဲ...''
'' ဓားသက်သက်ပဲလား...''
ထိုစကားကိုကြားသည်နှင့် ကျန့်လုံ၏မျက်နှာတွင် ဒေါသထွက်နေသည့်အမူအရာပေါ်လာသည်။
'' ချူခွမ်းရန်က ဘာကိုဆိုလိုချင်တာလဲ၊ သူကငါတို့ကို ဓားတစ်ချောင်းတည်းနဲ့ ရင်ဆိုင်မယ်ဆိုတဲ့သဘောလား၊ သူက ငါတို့ကိုအလေးအနက်မထားတာလား...''
KAMU SEDANG MEMBACA
Aksiအကျဉ်းချုပ်... ကျင့်ကြံခြင်းကမ္ဘာကို ရောက်ရှိသွားခဲ့တဲ့ ချူခွမ်းရန်မှာ ပထမဆုံး ဆယ်ကြိမ်အထိ ကံကောင်းခြင်းကို ဆက်တိုက်ဆွဲယူနိုင်တဲ့ ဂိမ်းပလပ်အင်တစ်ခု ပါလာတဲ့အခါမှာတော့... ဂုဏ်ယူပါတယ်... ပိုင်ရှင်က ဒဏ္ဍာရီအဆင့် စွန့်ပစ်အင်မော်တယ် အရှိန်အဝါကို ဆွဲယူနိ...