186-190

699 57 14
                                    

အပိုင်း ၁၈၆
ဓားရုန်းများ၊ မင်း တိုက်ခိုက်မလား သို့မဟုတ် ကျဆုံးမလား?

ချူခွမ်းရန်သည် မြေပြင်ပေါ်လဲနေသော လင်းဟူထန်နှင့် မုရုံယွီတို့ကိုကြည့်ပြီး ထိုနေရာ၌ ရပ်နေလေသည်။ သူ့မျက်လုံးများတွင် စိတ်ပျက်သော အရိပ်အရောင်များ ထင်ဟပ်နေ၏။

“ အားနည်းတယ်၊ အရမ်း ကို အားနည်းလွန်းတယ်။ မင်းတို့ကို တိုက်ခိုက်ဖို့ အားနည်းနည်းလေးတောင် စိုက်စရာမလိုဘူး”

သူတို့ပတ်ဝန်းကျင့်ရှိ အခြားဓားကျင့်ကြံသူများသည် သူတို့နှစ်ယောက်ကို ဘာမျှ အားစိုက်ထုတ်စရာမလိုပဲ ဖိနှိပ်လိုက်သည်ကိုမြင်သည်နှင့် တံတွေးကိုခက်ခက်ခဲခဲ မျိုချလိုက်သည်။

“ ချူခွမ်းရန်ရဲ့စွမ်းအားက အရမ်းကြောက်စရာကောင်းလွန်းတယ်”

“ သူက အမှန်တကယ် လူသားတစ်ယောက်လား?”

လင်းဟူထန်သည် သွေးစွန်းနေသောသူ့ခေါင်းကိုပင့်ကာ အဝေးတွင်ရှိနေသော အဖြူရောင်ဝတ်ပုံရိပ်အား သူ၏ သွေးသံရဲရဲရှုံးနိမ့်မှုကြောင့် ဒေါသတကြီး စိုက်ကြည့်နေလေသည်။

“ ဘယ်လိုတောင် အစွမ်းထက်လိုက်သလဲ?”
“ စက်ဆုပ်ဖွယ်ကောင်းလိုက်တာ”

အဝေးတစ်နေရာတွင်၊ ချူခွမ်းရန်ကြောင့် လွင့်စင်သွားသော မုရုံယွီသည် ဒေါသကြောင့် နီရဲသောမျက်လုံးများဖြင့် လေထဲသို့ ခုန်တက်လိုက်သည်။  ထင်ရှားသည့် တာအိုစည်းချက်များတွင် ရှေးကျပြီး ဒဏ္ဍာရီဆန်သောရုန်းများသည် သူ့ကိုယ်ခန္ဓာပတ်လည်ရှိ အလင်းဝဲကတော့ တွင် လှည့်ပတ်နေ၏။

ရုန်းများက ချူခွမ်းရန်၏ စိတ်ဝင်စားမှုကို ရရှိစေခဲ့သည်။

“ နယ်နိမိတ်ပညာရှင် ဓားရုန်း။ စိတ်ဝင်စားစရာပဲ”

ရုန်းများသည် ကောင်းကင်နှင့်‌မြေကြီးကြားရှိ ဆက်သွယ်မှုပုံစံတစ်ခုဖြစ်သည်။ ၎င်းတို့သည် ကောင်းကင်နှင့်မြေကြီးတို့၏ စွမ်းအားများကို ရိုးရှင်းစွာပေါင်းစပ်ရန် တည်ရှိလေသည်။

ကမ္ဘာပေါ်တွင် ထောင်ပေါင်းများစွာသော ရုန်းများတည်ရှိပြီး ၎င်းတို့တစ်ခုစီသည် သူ့နည်းသူ့ဟန်ဖြင့် ဒဏ္ဍာရီဆန်လေသည်။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now