316-320

625 49 1
                                    

အပိုင်း ၃၁၆ မဟာပညာရှင်တစ်ယောက်နှင့်တိုက်ခိုက်ခြင်း၊ အဆုံးမဲ့ဒေါသ၊ ဖျက်ဆီးခြင်းဆိုင်ကလုန်းအကာအကွယ်...

'' ဒါကသေချာပေါက် ပထမမြို့ရဲ့အမှားပဲ၊ ဂိုဏ်းချုပ်ချူ ဒီလိုဆိုရင်ရောဘယ်လိုလဲ၊ ဒီပြဿနာအတွက် ကျုပ်တို့ပထမမြို့တော်ကနေ ဝိညာဥ်ကျောက်တုံး ဘီလီယံခွဲ လျော်ကြေးပေးမယ်၊ ဘယ်လိုလဲ...''

အုပ်ချုပ်ရေးမှူးတစ်က ညှိနှိုင်းလာသည်။

ထိုစကားကိုကြားသည်နှင့် လူတိုင်းစိတ်လှုပ်ရှားလာကြသည်။

   '' ဝိညာဥ်ကျောက်တုံး ဘီလီယံခွဲကို လျော်ကြေးအနေနဲ့ ဒီအတိုင်းပေးပစ်ပုံထောက်ရင်၊ ပထမမြို့က တကယ်ချမ်းသာမှာပဲ...''

'' ဒါပေါ့...''

ချူခွမ်းရန်က ခေါင်းညိတ်လိုက်၏။

'' ဒါ့အပြင်...ခင်ဗျားတို့အမှားကို လူသိရှင်ကြားတောင်းပန်ပေးရမယ်...''

အုပ်ချုပ်ရေးမှူးတစ်က တခဏကြာတိတ်ဆိတ်သွားသည်။

   '' ဂိုဏ်းချုပ်ချူ...ဝိညာဥ်ကျောက်တုံးဘီလီယံခွဲဆိုတာ ပညာရှင်နယ်မြေတွေအတွက်တောင် အတော့်ကို များတဲ့ပမာဏပဲ၊ ဂိုဏ်းချုပ်ချူ ဒီလောက်နဲ့ပဲ ကျေနပ်လောက်မယ်လို့ကျွန်တော်ထင်တယ်...''

'' ခင်ဗျား ဘာပြောချင်တာလဲ...''

ချူခွမ်းရန်၏အကြည့်က ရေခဲတမျှအေးစက်လာ၏။

   '' ဂိုဏ်းချုပ်ချူ...ခင်ဗျားလူသိရှင်ကြားတောင်းပန်ခိုင်းတာကို ဒီလောက်နဲ့ပဲရပ်သင့်တယ်လို့မထင်ဘူးလား...၊ ဝိညာဥ်ကျောက်တုံး ဘီလီယံခွဲက ကျုပ်တို့အများဆုံးကမ်းလှမ်းနိုင်တဲ့ပမာဏပဲ...''

အုပ်ချုပ်ရေးမှူးတစ်က ပြန်ပြောသည်။

'' ငါနားလည်ပြီ...''

ချူခွမ်းရန်က ရယ်မောလိုက်၏။

သူ့စကားကြောင့် လူတိုင်းအံ့ဩနေကြသည်။

ချူခွမ်းရန်က တကယ်ပဲ ဒီလောက်နဲ့ရပ်တော့မလို့လား...။

ဝိညာဥ်ကျောက်တုံး ဘီလီယံခွဲက အတော့်ကိုများသည့်ပမာဏဖြစ်သည်။ ၄င်းက ချူခွမ်းရန်ကို စိတ်ကျေနပ်စေရန်လုံလောက်သင့်သည်။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now