ပြိုင်ဘက်ကင်းဆေးနတ်ဘုရားဘာသာပြန်သူ -ဖြိုးသူဝင်း
Chapter 1-
"အဟွတ်...အဟွတ်..အဟွတ်..."
ပြင်းထန်သော ချောင်းဆိုးရောဂါဝေဒနာကိုခံစားနေရပြီးနာမကျန်းဖြစ်နေတဲ့ လူငယ်လေးတစ်ယောက် တန်ဖိုးကြီးမားပြီး ရှေးကျတဲ့ခုတင်ထက်၌ တင်ထားခံခဲ့ရတယ်..။
ဒီပုံစံအတိုင်း ချောင်းဆိုးတာမရပ်လျှင်တော့ ဒီကောင်လေးရဲ့ အဆုတ်တွေ ကွဲထွက်သွားမလား စိုးရိမ်ရတယ်..။
လူငယ်လေး၏ နှုတ်ခမ်းတွေက ခရမ်းဖျော့ရောင်ပေါ်နေပြီး မျက်နှာမှာလည်း သွေးမရှိတော့သလို ဖြူဖပ်ဖြူရော်နိုင်လှပေသည်။ဒီိအချက်တွေကြောင့်ပဲ အသက်ရှင်ရမည့် အချိန်တွေနည်းပါးလာကြောင်း သူ ကောင်းကောင်း သိနေနိုင်ပြီ..။ သို့သော် သူ ချောင်းဆိုးလိုက်သောအသံက သူ့နံဘေးမှ အမျိုးသမီးငယ်အား ဗျာများသွားစေခဲ့သည်။
အမျိုးသမီးသည် အသက် ၃၀ ခန့် ရှိပြီး အလှပြင်ထားသဖြင့် မြင်ရသူတိုင်းအား ရှုမငြီးအောင်ဖြစ်စေသည်။သူမ၏ တွန့်ကွေးနေသောမျက်ခုံးများ တဖြည်းဖြည်း ပြေလျော့လာပြီး နေမကောင်းဖြစ်နေသည့် လူငယ်လေး၏ လက်ကို လျင်မြန်စွာ ဆုပ်ကိုင်လိုက်ပါတော့သည်။
"ယွမ်အာ...သားလေး နောက်ဆုံးတော့ နိုးလာခဲ့ပြီပေါ့နော်.....အမေ မင်းကို စိတ်ပူနေတာ
သေလုမတတ်ပါပဲကွယ်..........သွားစမ်း...မိသားစုခေါင်းဆောင်ကို မြန်မြန်ခေါ်လိုက်....
ယွမ်အာနိုးလာတာနဲ့ လုပ်ရမယ့် အရာက
ယွမ်အာကို အရင်ဆုံး ဆေးကုသပေးတာပဲ.....
အနာဂတ်မှာ ဝမ်မိသားစုနဲ့ ဒီရန်ကြွေးကို
ငါတို့ စာရင်းရှင်းရလိမ့်မယ်..... "အမျိုးသမီးငယ်၏ အမိန့်ကိုနာခံ၍ အစေခံတစ်ယောက်သည် လျင်မြန်စွာ ထွက်ခွာသွားခဲ့၏။ထိုအချိန်၌ လူငယ်သည်
အခြေအနေအားလုံးကို အာရုံမစိုက်နိုင်ဘဲ
ချောင်းဆိုးခြင်းတွင်သာ အာရုံပြုနေခဲ့ရ၏..။
ရုတ်တရက် "ပွက်" ဟူသော အသံဖြင့်
သွေးမည်း များသည် ပါးစပ် အပြည့် အန်ထွက်လာခဲ့ပေသည်။သွေးမည်းများ သည် အဆိပ်အလွန်ပြင်းထန်ပြီး မွှေ့ယာပေါ်တွင်
ကြီးမားသောအပေါက်ကြီးတစ်ခု ဖြစ်ပေါ်သွားစေသည်။၎င်းင်းသွေးမဲများ အန်ထွက်ပြီးနောက် လူငယ်လေးသည်
ဝေဒနာ သက်သာသွားခဲ့ပုံပေါ်၏။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...