Chapter 7

6.1K 776 6
                                    


ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ -ဖြိုးသူဝင်း

Chapter-7

ယီယွမ်​ပေးသည့် နှလုံးကာကွယ်​ဆေးကို​သောက်​အပြီး သူ့ကိုယ်​ထဲမှာ အား​တွေတလိပ်​လိပ်​တိုးလာတာကို လုအန်​သိလိုက်၍
အား​တွေအပြည့်​ပြန်​ရရှိလိုက်​သလိုမျိုး ခံစားလိုက်ရ၏။

"ဒီ​ဆေးက​ကောင်းလှချည်​လား!!  ! ငါ့​ဝေဒနာအတွက်​နှလုံးကာကွယ်​ဆေးကို​တောင်​ချက်​ချင်း​ပေး​သောက်​စေတဲ့ ကြင်​နာတတ်​တဲ့သူပဲ ....." ယီယွမ်​က်ို​လေးစားမိတဲ့ အကြည့်​တွေနဲ့ ကြည့်​ရင်း လုအန်​တွေးလိုက်​မိသည်။

သူ​တွေး​နေစဉ်မှာပင်

"လုအန်​...ခင်​များဘယ်​လို​နေ​သေးလဲ? သက်​သာရဲ့လား ?"
ယီယွမ်​က​တောက်​ပလွန်းတဲ့အပြုံးနဲ့​မေးလိုက်​၏။

လုအန်​က ယီယွမ်​၏လက်​တွေကိုကိုင်​ပြီး​ကျေးဇူး​တင်​ကြောင်း​ပြောလိုက်​ပေသည်။

"​ကျေးဇူးတင်​ပါတယ်​...သခင်​လေးယီ ....
​စောစောက ကျွန်​တော်​မစူးစမ်းဘဲ​ပြောလိုက်​မိတာ​တွေအတွက်​ခွင့်​လွှတ်​ပေးပါ...ကျွန်​တော့်​ရဲ့မသိတတ်​မှုအတွက်​ဗွေမယူ​စေချင်​ဘူး..ကျွန်​တော်​ဒီလို​တောင်းဆိုတာ ရူး​ကြောင်​ကြောင်​နိုင်​မှန်း သိပါတယ်​.....
ကျွန်​တော်​သခင်​လေးကို​ကျေးဇူးပြန်​ဆပ်​မှာပါ.....ဒါ​ပေမဲ့ ....အ​ရောင်​ခုနှစ်​သွယ်​စီးဆင်းတိမ်​စပါးအုံး​မြွေလို့​ခေါ်တဲ့ မိစ္ဆာသားရဲကို​တော့ တစ်ခါမှ​မကြားဖူးဘူးဗျ....."

လုအန်​က သူ၏သားရဲမုဆိုးတစ်​သက်​တွင်​အ​ရောင်​ခုနှစ်​သွယ်​စီးဆင်းတိမ်​စပါးအုံး​မြွေကို မကြားဖူးခဲ့​ကြောင်း​ပြော​လေသည်​။

ထိုသို့​ပြောခြင်းသည်လည်းသူနာလန်​ထူလာပါက လုပ်​ရမည့်​ကိစ္စ​တွေ အ​ကောင်​အထည်​ပေါ်လာ​စေရန်​ဖြစ်​သည်​။

လူအုပ်​ကြီးက သူတို့ကိုသတိမထားမိကြတဲ့အတွက်​အားလုံးရဲ့အာရုံကိုဖမ်းယူရန်​ဖန်​တီးလိုက်​ခြင်းပင်​ဖြစ်၏။

လူအုပ်​ကြီးသည်​ယီယွမ်​အား အရင်​ကတည်းက အထင်​မကြီးခဲ့သည့်​အတွက်​ယီယွမ်​ကို အထင်​သေးသည့် မျက်လုံးများဖြင့်ကြည့်​ကုန်ကြ​သည်​။

 ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Where stories live. Discover now