ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
စာစဉ်(12)
Chapter-138
ယီယွမ်ဖော်စပ်ထားသည့် အဆိပ်ဖြေဆေးလုံး မှာ အဆင့်(2)ဆေးလုံး သာဖြစ်သော်လည်း ယီဟန်ဖော်စပ်သည့် အဆိပ်ဖြေဆေးလုံး နှင့် နှိုင်းယှဉ်လျှင် ဆေးလုံးဖော်စပ်ခြင်းက လုံးဝ ကွာခြားပေသည်။
အဆိပ်ဖြေဆေးလုံး ကို သောက်သုံးပြီး ချင်နိုင်ငံ၏ စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ် သိုင်းပညာရှင်များနှင့် ရင်ဆိုင်ရာ၌ ယီယွမ်က မည်သည့်အဆိပ်မျိုးနှင့် ရင်ဆိုင်ရပါစေ ဘေးကင်းနေပေမည်။
အကယ်၍ စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ် သိုင်းပညာရှင်များက အဆိပ်ကို အသုံးပြု၍ မှော်ဆေးပညာရှင်အင်ပါယာ တစ်ယောက် ဖော်စပ်ထားသည့် အဆိပ်ဖြေဆေးလုံး နှင့် ယှဉ်ပြိုင်လိုခြင်းမှာ အမှန်တကယ်ပင် ဟာသတစ်ခုသာ ဖြစ်၏။
ယီယွမ်၏စကားဆုံးသွားသော အချိန်တွင် တောင်ပိုင်းတောင်ကြော သူရဲကောင်းလေးဖော်၏ ခေါင်းဆောင်က မျက်နှာ အနည်းငယ် ပျက်သွားခဲ့သည်။
ဆယ်ကျော်သက်အရွယ် လူငယ်လေး တစ်ယောက် က သူ အဆိပ်များနှင့် ထိတွေ့ချိန်တွင် သူ၏ အဘိုးပင် မမွေးနိုင်သေး ဟု ပြောဆိုသည့်စကားများမှာ အလွန်တရာ ထူးဆန်းလှပေ၏။
ဒီငချွတ်လေးက အသက်အရွယ်ထိန်းသိမ်းနည်း တွေကို အသုံးပြုပြီး ဒီမျက်နှာဖြစ်အောင် လုပ်ထားတဲ့ မွန်းစတားအိုကြီးတစ်ကောင် ဖြစ်နေတာလား…..
ခေါင်းဆောင်က ထိုအတွေးကို ချက်ချင်းပယ်ချခဲ့သည်။ ဒန်ဝူအကယ်ဒမီ သို့ ဝင်ရောက်ရန် စစ်ဆေးခံရာတွင် တစ်စုံတစ်ယောက်က အရိုးအသက် စစ်ဆေးမှု ကို ဖြတ်ကျော်ရပေ၏။ အကယ်၍ ဤ ငချွတ်ကလေးက အမှန်တကယ် မွန်းစတားအိုကြီးတစ်ကောင် သာ ဆိုပါက ဒန်ဝူအကယ်ဒမီ သို့ ဝင်ရောက်ခွင့် ရရှိရန် မဖြစ်နိုင်ပေ။
ထို့ပြင် ယီယွမ်က အဆင့်(9)ချီစွမ်းအင်နယ်ပယ် သာ ရှိနေသေးသည်မှာ သိသာလှသည်။ မည်သည့် မွန်းစတားအိုကြီးတစ်ကောင် ၏ ခွန်အားက ဤမျှ အသုံးမကျမည်နည်း။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...