Chapter 157

2K 212 1
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၁၄ )

Chapter-157

ယီယွမ်က မြေပြင်ပေါ်တွင်ဒူးထောက်ထိုင်ပြီး နှာရည်များ ရွှဲရွှဲစိုသည်အထိ ငိုယိုတောင်းပန်နေသည့် စူးရီရှန်းကို ကြည့်၍ အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “ငါကမင်းကိုသတ်မယ်လို့လည်း မပြောခဲ့ပါဘူး...သခင်လေးစူး...ကြည့်ပါဦး မင်းကတအားကြောက်သွားခဲ့တာကိုး…..”


စူးရီရှန်းက လေးကြိုးခတ်သောအသံကိုကြားလိုက်ရသည့် ငှက်တစ်ကောင်လိုဖြစ်သွားခဲ့၏။ သူ၏ ဦးနှောက်က လှုပ်ရှားတက်ကြွမှုမရှိတော့ပေ။

ယီယွမ်က သူ့ကိုလွှတ်ပေးလိုသည့်ရည်ရွယ်ချက်ရှိနေကြောင်း ကြားလိုက်ရ၍ စူးရီရှန်းက အလွန်အမင်းပျော်ရွှင်သွားခဲ့ပြီး ပြောလိုက်ပေသည်။ “မင်း...မင်းပြောတာ တကယ်လား...ဒါ..ဒါဆိုရင် ငါသွားလို့ရပြီလားကွာ…..”

“တကယ်တော့ မင်းသွားလို့မရသေးဘူး...ငါ့ရဲ့လျှို့ဝှက်ချက်တွေ အကုန်လုံးကို မင်းကမြင်တွေ့သွားပြီလေ...တကယ်လို့ မင်းကအပြင်ကို အသက်ရှင်ရက်ထွက်သွားပြီး ငါ့မှာ နယ်မြေဝိညာဉ်မှော်ရတနာ တစ်ခုရှိနေတယ်ဆိုတဲ့အကြောင်း အပြင်ဘက်ကို သတင်းပျံ့သွားမယ်ဆိုရင် ငါက သင်္ချိုင်းမရှိဘဲ သေသွားရတော့မှာ မဟုတ်ဘူးလား…..”

စူးရီရှန်းက သူ၏ခြေထောက်များ အင်အားမရှိတော့သည်အထိ အလွန်အမင်း ကြောက်ရွံ့သွားခဲ့သည်။ ယီယွမ်၏စကားအဓိပ္ပါယ်က သူ့ကို သေချာပေါက်သတ်တော့မည့် အဓိပ္ပါယ်သာဖြစ်၏။

“စိတ်မပူပါနဲ့...ဒီနေ့ငါမြင်တွေ့ခဲ့ရတဲ့အရာတွေအားလုံးကို လုံးဝထုတ်မပြောဖို့ မိုးကောင်းကင်တာအိုကို တိုင်တည်ပြီးသစ္စာဆိုပေးပါ့မယ်…..” စူးရီရှန်းက သူ၏လက်ကို မိုးပေါ်သို့ထိုးလိုက်ရာ မိုးကောင်းကင်တာအိုကို တိုင်တည်ပြီး သစ္စာပြုမည့်ဟန် ပေါ်ပေါက်နေခဲ့သည်။

ယီယွမ်က သူ၏လက်ကို ဝှေ့ယမ်း၍ ပြောဆိုလိုက်၏။ “အဲဒီလိုလုပ်ဖို့ မလိုအပ်ဘူး စူးရီရှန်း...ငါမင်းကို အခွင့်အရေးတစ်ခု ပေးမယ်...ငါနဲ့တစ်ယောက်ချင်းတိုက်ခိုက်ဖို့ အခွင့်အရေးပေးလိုက်မယ်...မင်းငါ့ကိုသတ်နိုင်ရင် ဒီနေရာကနေ အသက်ရှင်ရက် ထွက်သွားနိုင်မယ်…..”

 ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Where stories live. Discover now