ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ -ဖြိုးသူဝင်း
Chapter 10
ကြယ်တာရာ ယစ်မူးဂေဟာတွင် လူအများအပြားသည် ဝင်လိုက်ထွက်လိုက်နှင့် အလုပ်ရှုပ်နေကြသည်။
ဂေဟာထဲတွင် ရိုးရာဝတ်စုံကို ဝတ်ပြီး သက်တောင့်သက်သာ ထိုင်နေသော သက်လတ်ပိုင်း လူတစ်ယောက်နှင့် သူ၏ဘေးတွင် အေးတိအေးစက် ပုံစံနှင့် သက်လတ်ပိုင်းလူတစ်ယောက်ရှိနေခဲ့သည်။
"အကိုကြီး...လုအန်ဆီက ဘာသတင်းမှ မကြားရပါလား.....လူသန်ကြီးရဲ့ အဆိပ်ကို ယီဟန်က ဖြေပေးလိုက်တာများ ဖြစ်နေမလား??.."
ထိုစကားကို ပြောလိုက်သူမှာ ဝမ်ဒွန်ဟိုင်၏ ညီ မှော်ဆေးပညာရှင် တစ်ဦးဖြစ်သူ ဝမ်ဒွန်ယန် ဖြစ်သည်။ရိုးရာဝတ်စုံဖြင့်ထိုင်နေသူမှာ ကြယ်တာရာ ယစ်မူး ဂေဟာသခင် ဝမ်ဒွန်ဟိုင်ပင်ဖြစ်သည်။
သို့သော် ဝမ်ဒွန်ဟိုင်က အေးအေး ဆေးဆေး ပြောလိုက်၏။"ဒွန်ယန်...အေးဆေးပေါ့ကွာ....ယီဟန်ရဲ့ စွမ်းရည်ကို ငါအကုန်သိတယ်....ဒီအဆိပ်ကို သူ မကုနိုင်ပါဘူးကွာ....ငါတို့ ဒီမှာ အသာထိုင်နေပြီး သတင်းကောင်းကို စောင့်ရအောင်....."
"အာ!!အကိုကြီး...ဒီသင်းရနံ့ဆေးဂေဟာက ကျနော်တို့နဲ့ နှစ်ပေါင်းများစွာ ပြိုင်ဆိုင်နေခဲ့တာလေ....နောက်ဆုံးမှာ ကျနော်တို့အခွင့်အရေးရလာခဲ့တာကို သူတို့ကို ကျရှုံးသွားအောင်မလုပ်ရရင် ကျနော်တို့ ဘယ်လိုကျေနပ်နိုင်မှာလဲဗျာ....."ဝမ်ဒွန်ယန် က အံကိုကြိတ်၍ ပြောလိုက်သည်။
"ဟဟဟ!!!!အိုး...ဒွန်ယန်ရယ်..မင်း စိတ်ကိုအသေအချာထိန်းချုပ်နိုင်မှမှော်ဆေးပညာရှင် ဂရန်းမာစတာ အဆင့်ရောက်လိမ့်မယ်.....ဒီလူသန်ကြီးမိတဲ့အဆိပ်က ထူးခြားလွန်းတယ်.....ငါ မှန်းတာ မှန်နေရင် အဲ့အဆိပ်က အရောင်ခုနှစ်သွယ် စီးဆင်းတိမ်စပါးအုံးမြွေ အဆိပ်ဖြစ်လိမ့်မယ်.....ငါ အဲ့ဒါကို အပြည့်အစုံမပါတဲ့ စာအုပ်ထဲက မတော်တဆဖတ်မိခဲ့တာမဟုတ်ရင် ငါတို့ ကြယ်တာရာ ယစ်မူးဂေဟာလဲ အဲ့လိုကြုံလာရရင် သိနိုင်မှာ မဟုတ်ဘူး.....ငါက အဲ့ထာကို ကံကောင်းပြီး တွေ့ခဲ့ရတာလေ.....ယီဟန်က ကံမကောင်းတာတင်မကဘူး...ငါတို့က ဒီအခွင့်အရေးကို အသုံးချပြီး ယီဟန်နဲ့ သူ့စီးပွားရေးကို ပျက်စီးအောင်လုပ်ရမယ်....."ဝမ်ဒွန်ဟိုင်ကား အသာအယာပင် ရှင်းပြခဲ့သည်။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...