Chapter 11

5.6K 644 2
                                    


ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

‌ဘာသာပြန်သူ -ဖြိုးသူဝင်း

‌Chapter 11

‌ဝမ်ဒွန်ဟိုင်သည် သင်းရနံ့ဆေးဂေဟာ ရှိ အခြေအနေများကို ကြည့်ရှုရန် တစ်စုံတစ်ဦးကိုမျှ မစေလွှတ်ခဲ့ခြင်းကို နောင်တရနေခဲ့၏။ယခုအချိန်အထိ အဖြစ်အပျက်များကို သူ နားလည်ခဲ့ခြင်းမရှိပေ။သို့သော် သူသည် လုအန် အခုအလိုအခြေအနေမျိုး ဖြစ်နေလိမ့်မည်ဟု မည်သည့်အခါမျှ တွေးတောမိခြင်းမရှိခဲ့ချေ။

‌"သခင်ကြီး.......ကျနော့်ကို ကယ်ပါဦးဗျာ....."လုအန် မြေကြီးပေါ်တွင် လဲလျောင်းနေရပြီ ငိုယိုပြောဆိုခဲ့သည်။

‌လုအန်၏စကားများက ဝမ်ဒွန်ဟိုင်၏ အခြေအနေကို ပို၍ ခက်ခဲသွားစေသည်။

‌"ဘယ်လို????သခင်ကြီးတဲ့လား.....ဒီရောင်းရင်းက ဦးလေးကို သိနေခဲ့တာလားဗျ???"ယီယွမ် အခုမှ သိသလို ဟန်ဆောင်ခဲ့၏။

‌ယီယွမ်သည် ထိုစကားများကို ထိုနေရာရှိလူအားလုံးကြားနိုင်အောင်ပြောခဲ့ပြီး အခြားသူများ ထိုစကားကိုကြားရာတွင် မည်သို့မျှမဖြစ်သော်လည်း ဝမ်ဒွန်ဟိုင်၏ နားထဲသို့ သံရည်ပူလောင်းလိုက်သလိုဖြစ်သွားသည်။

‌ဝမ်ဒွန်ဟိုင် အလွန်အမင်းဒေါသထွက်နေသော်လည်း တည်ငြိမ်အေးချမ်းသော ပုံစံဖြင့် ပြောဆိုခဲ့သည်။"တူလေးက ဟာသတွေလာပြောနေတာလား??ဦးက အင်ပါရီယာ မြို့တော်မှာ အဆင့်အတန်းတစ်ခုရှိပါတယ်.....ကြယ်တာရာယစ်မူးဂေဟာက အရင်ကတည်းက မိစ္ဆာသားရဲမုဆိုးတွေရဲ့ အသက်ကိုကယ်တင်ပေးနေတာလေ.....သူက ဦးကို သိနေတာ ထူးဆန်းနေလို့လား??..."

‌"အဲ့ဒါကအမှန်ပေမယ့်လို့ ဒီရောင်းရင်းကို ကျနော်ဒီခေါ်လာတုန်းက မိစ္ဆာသားရဲမုဆိုးလို့ မပြောခဲ့ဘူးနော်..... ဒါကို ဂေဟာသခင်ဝမ်က တစ်ချက်ထဲနဲ့ပြောနိုင်လိုက်တယ်.....ဂေဟာသခင်ဝမ်ရဲ့ အမြင်အာရုံ ထက်မြက်မှုကို ကျနော်လေးစားပါတယ်ဗျာ....."ယီယွမ် အပြုံးလေးဖြင့်ပြောလိုက်၏။

‌မူလက အခြေအနေများက မည်သို့ဖြစ်ပျက်နေလဲဆိုသည်ကို ရှင်းလင်းမှုမရှိသော်လည်း ယီယွမ်၏စကားကို ကြားပြီးနောက် လူတိုင်း နားလည်သွားပြီး အခြေအနေများက ပရမ်းပတာဖြစ်လာခဲ့သည်။

‌လုအန်သည် အဆင့်ရှစ် ချီစွမ်းအင်သာရှိသော သိုင်းပညာရှင်ဖြစ်၍ ဝမ်ဒွန်ဟိုင်ကို သိရှိနေရန်မဖြစ်နိုင်ဘဲ ဝမ်ဒွန်ဟိုင်က သူ့အားတစ်ချက်ထဲဖြင့် မိစ္ဆာသားရဲမုဆိုးဖြစ်ကြောင်း ပြောဆိုသည်မှာ တစ်စုံတစ်ရာ လွှဲမှားနေပေ၏။

‌သို့သော် ဝမ်ဒွန်ဟိုင်သည် မိစ္ဆာသားရဲမုဆိုးများကို မသိဟု ဆိုလိုသည်မဟုတ်ပေ။နိုင်ငံတွင် သူ၏ အဆင့်အရ မိစ္ဆာသားရဲမုဆိုးများကို သူသိသည်မှာ အနည်းဆုံး မှော်ဝိဥာဉ်ထိန်းချုပ်သူ(စိတ်တန်ခိုးနယ်ပယ်တွင် မှော်ဝိဥာဉ်ပေါင်းထည့်နိုင်သူ သိုင်းပညာရှင်)အဆင့်ဖြစ်၏။ဝမ်ဒွန်ဟိုင်က လုအန်ကဲ့သို့ အသေးအမွှားလေးကို မည်သို့သိနေရသနည်း???

‌ဒီလောကကြီးတွင် အစင်းကြောင်းမရှိသော နံရံဟူ၍ မရှိပေ။ကြယ်တာရာယစ်မူးဂေဟာက မိစ္ဆာသားရဲမုဆိုးများနှင့် သူ၏ အဖွဲ့အပေါင်းအသင်းများကို လုပ်ကြံလုယက်ရန် လူတစ်ချို့စေလွှတ်ကြောင်း အမြဲ သတင်းထွက်နေသော်လည်း သက်သေပြစရာ မရှိခဲ့ပေ။ထို့ပြင် ကြယ်တာရာယစ်မူးဂေဟာ မှာ အင်အားကြီးမားပြီး မိစ္ဆာသားရဲမုဆိုးများကို အကူအညီများစွာပေးနေခဲ့၍ ထိုသတင်းများမှာ အတင်းစကားအဖြစ်ဖြင့်သာ အဆုံးသတ်သွားခဲ့သည်။


‌ထိုအချိန်တွင် ဝမ်ဒွန်ဟိုင်သည် မြင်းထောင်ပေါင်းများစွာ သူ၏ရင်ကို ဖြတ်နင်းသကဲ့သို့ခံစားခဲ့ရပြီး ယီယွမ်၏ စကားများကိုရပ်တန့်နိုင်စွမ်းမရှိပေ။ယီယွမ်သည် ဝမ်ဒွန်ဟိုင်မည်သို့မှ ပြန်လည်မချေပနိုင်ရန် ကြိုတင်အကွက်ချစီမံထားခဲ့ပေ၏။

‌"ဟားဟား!! !!တူလေးက အခြေအနေကို တစ်ကယ်နားမလည်သေးဘူးပဲ.....ဒီလူက စွမ်းအင်တွေရှိနေပြီး အဆိပ်မိနေခဲ့တာဆိုမှတော့ မိစ္ဆာသားရဲ မုဆိုးဖြစ်ဖို့ 80%ဖြစ်နိုင်တယ်လေ....."ဝမ်ဒွန်ဟိုင်က ရယ်ရယ်မောမော ပြောဆိုလိုက်သည်။

‌ယီယွမ်၏ ရည်ရွယ်ချက်ပြီးမြောက်သွား၍ မည်သည်ကိုမှ ဆက်မပြောတော့ဘဲ ခန်းမအတွင်းရှိလူများကို သူတို့ကိုယ်တိုင် စဉ်းစားရန် ချန်ထားပေးလိုက်၏။

 ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Where stories live. Discover now