ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ -ဖြိုးသူဝင်း
Chapter 40
"လမ်းဖယ်ပေးကြပါ!!!လမ်းဖယ်ပေးကြပါ!!!"ထိုအချိန်၌ ယီယွမ်၏ အသံက ကျယ်လောင်စွာ ထွက်ပေါ်လာ၏။သူက အပြင်ဘက်မှာရှိနေပြီး အထဲသို့ဝင်ရောက်ရန် မတတ်နိုင်ခဲ့ပေ။
"အဲ့ဒါယီယွမ်ပဲ....သူလာရဲတယ်ပေါ့!!!!"
"သူက တကယ် လာရဲတာပဲဟ....."
"သူ့ကို မြန်မြန် လမ်းဖယ်ပေးလိုက်ကြ.....ငါ့ရဲ့ ချီစွမ်းအင်ဆေးလုံး အိတ်ကြီး(ငွေအိတ်)ကို မပိတ်ပင်ကြနဲ့....."
လူအများက ရယ်မောလိုက်ကြပြီး ယီယွမ်အတွက် လမ်းဖယ်ပေးလိုက်ကြ၏။
သို့သော် ယီယွမ်က တိုက်ပွဲဧရိယာသို့ တိုက်ရိုက်မသွားဘဲ ထန်ယုထံသို့ သွားရောက်၍ သိလိုစိတ်ပြင်းပြစွာ မေးမြန်းလိုက်၏။"အဲ့ဒါကို လုပ်ပြီးပြီလား???"
ထန်ယု ပြုံးလိုက်၏။"မစိုးရိမ်ပါနဲ့ ညီလေးယီ....ကံကောင်းစွာပဲ ငါက ညီလေးကို စိတ်မပျက်စေလိုက်ဘူး....."
"ဟားဟားဟား!!!ကောင်းတယ်....ကောင်းတယ်....."သူ၏ စကားဆုံးသည်နှင့် ယီယွမ် က လက်မောင်းနှစ်ဖက်ကို မြှောက်၍ ဦးညွတ်လိုက်ပြီး ယဉ်ကျေးစွာ ပြောဆိုလိုက်သည်။"ဂိုဏ်းတူအကိုတွေနဲ့ ဂိုဏ်းတူအမတွေ အားလုံးကို ချီစွမ်းအင်ဆေးလုံး ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်....အကို အမ တို့ရဲ့ ဂျူနီယာလေးက စီနီယာတွေရဲ့ ကြင်နာမှု ကို မှတ်သားထားပါ့မယ်....."
လူတိုင်းက သူတို့အချင်းချင်း တိတ်ဆိတ်စွာ ကြည့်လိုက်ကြပြီး ယီယွမ်ဆိုလိုသော အဓိပ္ပာယ် ကို သိရှိခြင်းမရှိကြပေ။လေ့ကျင့်နေရင်း သူ့ဦးနှောက်တွေ ပျက်သွားတာလား????
လူများ၏ အံ့အားသင့်မှုများကို ဂရုမစိုက်ဘဲ ယီယွမ်က ထန်ယုကို ပြောလိုက်၏။"ဂိုဏ်းတူညီလေး ထန်ရေ.....နာမည်စာရင်းမပျောက်အောင် ဂရုစိုက်နော်.....ပြိုင်ပွဲ ပြီးရင် စာရင်းထဲကလူတွေဆီက လောင်းကြေးသွားယူရဦးမယ်....."
စကားပြောပြီးသည်နှင့် ယီယွမ် က တိုက်ပွဲဧရိယာသို့ တစ်လှမ်းချင်း လျှောက်လှမ်းသွားပေသည်။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...