Chapter 71

3.2K 459 1
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်စာရေးသူ-ဖြိုးသူဝင်း

စာစဉ်(၇)

Chapter-71

ပထမဆုံးအုပ်စုနှစ်ခုတွင် အဓိက အာရုံစိုက်ခံရသူများမှာ ရှီဖန်းအာ နှင့် စွန်းကီယွန် တို့ ဖြစ်ကြသည်။

ဒန်ဝူအကယ်ဒမီ၏ ကျောင်းသားများ တွင် ထိုနှစ်ယောက်က အတော်ဆုံးဖြစ်ကြောင်း သက်သေပြခဲ့၏။

သူတိုနှစ်ဦး ဆေးဖက်ဝင်ပစ္စည်းသိုလှောင်ရုံမှ ထွက်လာသောအခါ လူတိုင်းက ဆေးဖက်ဝင်ပစ္စည်းများကို ကြည့်နေခဲ့သည်။

ရှီဖန်းအာ နှင့် စွန်းကီယွန် တို့က ပို၍ ရင်းနှီးလာခဲ့ပုံရပြီး ဆေးဖက်ဝင်ပစ္စည်းသိုလှောင်ရုံ မှ အတူတကွ ထွက်လာခဲ့ကြ၏။

ရှီဖန်းအာနှင့် စွန်းကီယွန် တို့က ကြက်ပေါက်ကလေးများအကြား ကြိုးကြာငှက်များ ဖြစ်နေကြသည်ကို ကြည့်၍ အကြီးအကဲဝမ်နှင့် အကြီးအကဲစွန်းတို့၏ မျက်နှာတွင် ဝမ်းသာမှုများ ပေါ်လွင်နေခဲ့သည်။ အထူးသဖြင့် စောစောက ယီယွမ်နှင့် ပြဿနာဖြစ်ခဲ့သော အကြီးအကဲ ဝမ်၏ စိတ်အခြေအနေ က အကောင်းဘက်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

အကြီးအကဲဝမ်၏ နာမည်မှာ ဝမ်ဂျင်ဖူ ဖြစ်ပြီး အကြီးအကဲစွန်း၏ အမည်မှာ စွန်းဂျိန်မင် ဖြစ်၏။ သူတို့နှစ်ဦးမှာ မှော်ဆေးပညာရှင်အစည်းအရုံး ၏ လုပ်သက်ကြာမြင့်နေသူများ ဖြစ်ကြပြီး ချင်နိုင်ငံတွင် ဒုတိယအဆင့်အမြင့်ဆုံး မှော်ဆေးပညာရှင်ဂရန်းမာစတာများ ဖြစ်ကြ၏။

သူတို့်နှစ်ဦးမှာ မှော်ဆေးပညာရှင်အစည်းအရုံး ၏ လက်ထောက်အကြီးအကဲများ ဖြစ်ကြသော်လည်း ယခုစာမေးပွဲတွင် သူတို့၏ တပည့်များကို ဝင်ရောက်ဖြေဆိုစေခြင်းဖြင့် တိတ်တဆိတ် ပြိုင်ဆိုင်နေကြခြင်းဖြစ်သည်။

“ အိုး...အဖိုးကြီးစွန်း...ကီယွန်မိန်းကလေးက ဒီလောက်မြန်မြန်တိုးတက်လာလိမ့်မယ်လို့  ထင်မထားဘူး...မင်းက သူမကို ဒီလောက်ထိ သင်ပေးထားမယ်လို့ လုံးဝမထင်ထားခဲ့ဘူးကွာ…..” ဝမ်ဂျင်ဖူ က သူ၏ မုတ်ဆိတ် ကို ပွတ်သတ်၍ ပြောလိုက်၏။

 ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Where stories live. Discover now