Chapter 198

2.1K 210 0
                                    

Chapter-198

ရွယ်ချိန်က အမှန်တကယ်ပင် သူ၏စိတ်ထဲ၌ အံ့သြတုန်လှုပ်နေခဲ့ပြီဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ယီယွမ်က မီးထွန်းခြင်းမီးလျှံကို ယန်ဟွာ၏နောက်သို့ မမြင်နိုင်အောင် ပိုဆောင်လိုက်ခြင်းကို သူကိုယ်တိုင်ပင် ကောင်းစွာမြင်တွေ့လိုက်ရခြင်း မရှိသောကြောင့်ဖြစ်သည်။

ယီယွမ်၏မွန်းစတားဆန်မှုက သူမျှော်လင့်ထားသည်ထက် ပို၍ကျော်လွန်သွားခဲ့ပေပြီ။

ကြည့်ရသည်မှာ နှစ်ပေါင်းတစ်ထောင်အတွင်း နံပါတ်တစ်ပုဂ္ဂိုလ်ဟူသော ဂုဏ်ပုဒ်ကို အကြောင်းမဲ့ရရှိခဲ့ခြင်း ဟုတ်ဟန်မတူပေ။

အသက်ဆယ့်ငါးနှစ်အရွယ် အဆင့်(2)စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ်…..

ထိုကျင့်ကြံခြင်းအမြန်နှုန်းက အဖွဲ့အတွင်း၌ဆိုလျှင်ပင် နှေးကွေးသည်ဟု သတ်မှတ်၍မရပေ။ ပို၍ကြောက်စရာကောင်းသောအချက်မှာ ယီယွမ်၏မှော်ဆေးပညာကျွမ်းကျင်မှုများက ပို၍ပင်အစွမ်းထက်နေခဲ့၏။

သိုင်းပညာလမ်းကြောင်းနှင့် မှော်ဆေးပညာလမ်းကြောင်းတို့တွင် တစ်ပြိုင်တည်းသောအချိန်၌ ထိုသို့အောင်မြင်မှုမျိုးကို ရရှိနေခဲ့သော်လည်း အသက်ဆယ့်ငါးနှစ်သာ ရှိသေးပေရာ သူ၏အနာဂတ် အောင်မြင်မှုများက အကန့်အသတ်မဲ့နေပြီဖြစ်သည်။

သို့ရာတွင် ဤယီယွမ်က စူးမိသားစုကို ရန်စခဲ့မိပြီးဖြစ်သည်။ ဒီတစ်ကြိမ်တွင် စူးမိသားစုက သူ့အားအမြစ်ပြတ်သုတ်သင်မည်မှာ မှန်ကန်လှပေ၏။

ထိုအရာက အတော်ကလေး သနားစရာကောင်းလှပေသည်။

“အရှင်ရွယ်ချိန်က ကျွန်တော့်ကို ချီးကျူးမြှောက်ပင့်နေတာပါ… နှစ်တစ်ထောင်အတွင်း နံပါတ်တစ်ပုဂ္ဂိုလ်လေးဆိုတဲ့ ဂုဏ်ပုဒ်ကဘာလုပ်ရမှာလဲ… ဒီယီယွမ်က အဲဒီအရာနဲ့ မထိုက်တန်ပါဘူး… ဒါပေမဲ့ ရွက်ကြမ်းရည်ကျို အရည်အချင်းနဲ့လူအချို့နဲ့ယှဉ်လိုက်ရင်တော့ ကျွန်တော်က အနည်းငယ်လောက်ပိုပြီး အစွမ်းထက်နေပါတယ်…..” ယီယွမ်က တည်တည်ငြိမ်ငြိမ်ဖြင့် ပြောဆိုလိုက်၏။

ဤအဖိုးကြီးကလည်း ထိုလူငယ်လေးနှင့် တူညီစွာပင် ကောင်းသောရည်ရွယ်ချက်များ ရှိနေပုံမရပေ။ ယီယွမ်က လေးလေးစားစား ပြုမူပြောဆိုရန် မလိုအပ်တော့ပေ။

 ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Where stories live. Discover now