Chapter 57

3.7K 508 2
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ -ဖြိုးသူဝင်း

Chapter 57

“သူက တကယ်သေသွားပြီပဲ…..”

“ဟုတ်တယ်…ဒါက  အိပ်မက်ကမ္ဘာထဲမှာ ဆိုပေမဲ့ သေဆုံးရတဲ့ ခံစားချက်က ဆိုးရွားလွန်းတယ်…..အဲဒီမှာ ငါ အသတ်ခံခဲ့ရတုန်းက အပြင်ဘက်မှာ သေရသလို ခံစားခဲ့ရတယ်…..”

“ငါ အထင်ကြီးလွန်းသွားတာပဲ...သူက မြေကမ္ဘာအဆင့်စမ်းသပ်စစ်ဆေးခြင်း ကို စိန်ခေါ်နိုင်မယ်လို့ ထင်ထားခဲ့တာ….အခုလို ချက်ချင်းသေသွားမယ်လို့ ဘယ်သူက ထင်မိမှာလဲ…..သူကငါတို့ကို လှည့်ဖြားခဲ့တာပဲ…”

. . . . . . . . .

“မိမိတို့ကို အဓိပ္ပာယ်မဲ့ ကြောက်ရွံ့စေခဲ့သည်”ဟူသော အတွေးက မူလက တိတ်ဆိတ်စွာကြည့်နေကြသော သူများ၏ အတွေးထဲတွင် ဗုံးတစ်လုံးကွဲသကဲ့သို့ ဖြစ်သွားခဲ့သည်။

ယီယွမ်က သူ၏ အပြုအမူများကြောင့် လူတိုင်း၏ မကျေနပ်ချက်များကို ဆွပေးသလို ဖြစ်သွားခဲ့ပြီး ဒေါသများထွက်နေကြသည်ကို မသိခဲ့ပေ။

အဓိက အကြောင်းရင်းမှာ ယီယွမ်က လူတိုင်း၏ အထင်ကြီးမှု ကို ရရှိခဲ့ပြီးလူတိုင်းက သူ့အား စမ်းသပ်မှုကို ကျော်ဖြတ်နိုင်မည့် အရည်အချင်း ရှိနေသည်ဟု ထင်မြင်နေ၍ ဖြစ်၏။

အကယ်၍ ယီယွမ်ကသာ တိုက်ပွဲတွင် ရှုံးနိမ့်ခဲ့ပါက ကျောင်းသားများ၏ အပြုအမူမှာ ဒီလောက်ကြီးမားမည်မဟုတ်ပေ။သို့သော် ယီယွမ်က ယခင်တိုက်ပွဲများတွင် ပြိုင်ဘက်များကို ချက်ချင်းအနိုင်ယူလိုက်သောကြောင့် လူတိုင်း ထိတ်လန့်ခဲ့ရ၍ ယခုလို မျှော်လင့်မိကြခြင်း ဖြစ်သည်။

အထင်နှင့် အမြင်မှာ တက်တက်စင်အောင် လွဲချော်နေ၍ သူတို့ကို ဟာသလုပ်နေခြင်းဖြစ်ကြောင်း ခံစားနေရပြီး လူတိုင်းက ဒေါသထွက်နေကြခြင်းဖြစ်၏။

ဟုရန်ယွမ်က ကွက်လပ်ဖြစ်နေသော ပုံရိပ်ဖော်ကြေးမုံကို ကြည့်၍ ရယ်မောနေခဲ့ပေသည်။

သူနှင့်အခြားကျောင်းသားများ အတူတူပင်ဖြစ်၏။ယီယွမ်က သူသည် မြေကမ္ဘာအဆင့်စမ်းသပ်စစ်ဆေးခြင်း ကို ကျော်ဖြတ်နိုင်သည့် စွမ်းရည်ရှိသည်ဟု အများထင်အောင် ပြသခဲ့သည်။သို့သော် ယခု ယီယွမ်က အကြောက်အရွံ့ကင်းမဲ့စွာဖြင့် စိတ်ကြီးဝင်ခဲ့ခြင်းကြောင့် သူ့ကိုယ်သူ သေတွင်းထဲသို့ ပို့လိုက်မိခြင်း ဖြစ်သည်။

 ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Where stories live. Discover now