ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ -ဖြိုးသူဝင်း
Chapter 24
"ဟားဟား!!!"ဝမ်ဒွန်ယန် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး လေးစားမှုအပြည့်ဖြင့် ပြောလိုက်သည်။"အကိုကြီးက အခြေအနေတွေကို အကိုကြီးလက်နဲ့စီစဉ်ထားတာပဲ...ဒီညီငယ်လေးက လေးစားပါတယ်....ဒီလို ဘာလို့ကျနော်ကမစဉ်းစားမိရတာလဲ??မိုရှလူသတ်သမားတွေက အရိပ်လိုပဲ...."ငြိမ်သက်တိမ်တိုက်(10)နိုင်ငံ အတွင်းမှာ သူတို့နာမည်ကို ကြားတဲ့လူတိုင်း သေးထွက်အောင်ကြောက်ကြတယ်....သူတို့ကို အလုပ်အပ်လိုက်ပြီဆိုတော့ အဲ့ဒီကလေကချေကောင် က သေမင်းလက်ကနေ လုံးဝမလွတ်နိုင်တော့ဘူး....."
"အင်း...မိုရှ အဖွဲ့က ငြိမ်သက်တိမ်တိုက်(10)နိုင်ငံအတွင်းမှာ အလွန်သစ္စာအရှိဆုံး လူသတ်ကြေးစားအဖွဲ့အစည်းပဲ...ငါ့သား ယွမ်အာက အဲ့ဒီကလေကချေကောင် ကို အဆိပ်ခတ်တာမအောင်မြင်မှတော့ ငါကပဲ သေလမ်းကိုပို့ပေးရမှာပေါ့.....ဝမ်ဒွန်ဟိုင်ကို လာရှုပ်ရင် သေတတ်တယ်ဆိုတာ အဲ့ကလေကချေကောင် သိသွားစေရမယ်....."
ဝမ်ဒွန်ဟိုင်၏ အမူအရာသည် ထိုစကားကိုပြောနေစဉ် ပို၍ အေးစက်လာခဲ့သည်။
"ဟုတ်တယ်...အဲ့ဒီကလေကချေကောင် ဘယ်က အဲ့လောက်ပြင်းထန်တဲ့အဆိပ်ကို ရလာခဲ့တာလဲတော့မသိဘူး....ကျနော်တို့ကို စိန်ခေါ်ချင်တာလား??သူက သေချင်နေတာပဲ...သူက ခွန်အားကြီးနေရင်တော့ အဲ့ကိစ္စကို မေ့ထားလိုက်လို့ရတယ်....ဒါပေမယ့် အခု သူက အဆင့်(1)ချီစွမ်းအင်အဆင့်ပဲရှိနေတဲ့ ငချွတ်လေးဆိုတော့ သူ့ကိုရှင်းပစ်ဖို့က အားစိုက်ထုတ်စရာကိုမလိုတော့ဘူး......"ဝမ်ဒွန်ယန်၏ မျက်လုံးထဲတွင် ယီယွမ်ကား သေလူပင်ဖြစ်သည်။
ဝမ်ဒွန်ဟိုင်ရယ်မောနေခဲ့ပြီး ယီယွမ်ကို စိတ်ထဲမထည့်ထားတော့ပေ...သူ၏မျက်လုံးထဲတွင် ယီယွမ်ကိုပြိုင်ဘက်ဟုပင်သတ်မှတ်မထားဘဲ လှေးတစ်ကောင်သာသာပင် သတ်မှတ်ထား၏။
"ဒီကိစ္စရဲ့နောက်ကွယ်မှာ ယီဟန်ရှိနေခဲ့တယ်ဆိုရင် သူက ငါ့ကို ဒေါသထွက်စေတာပဲ...ဒီတစ်ခါမှာတော့ ငါတို့ကြယ်တာရာယစ်မူးဂေဟာက သင်းရနံ့ဆေးဂေဟာကို လက်စားချေနိုင်တော့မယ်....ယီဟန်ရဲ့ မိတ်ဆွေအပေါင်းအသင်းတွေ သူ့ကို စွန့်ခွာမှာကို ငါလိုချင်တယ်!!!!"
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...