Chapter 36

4K 502 2
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ -ဖြိုးသူဝင်း

Chapter 36

အမှန်တကယ်ပင် ဇောင်ချူးရန်၏စကားများက သဘာဝကျပေသည်။သူ၏အမြင်အရ ယီယွမ်က တစ်လလေ့ကျင့်လျှင်ပင် ယီယွမ်က ပထမအလွှာကို လေ့ကျင့်အောင်မြင်နိုင်မည်မဟုတ်ပေ။

ပထမအလွှာ၏ အဓိကအချက်မှာ မည်သည့်အရာဖြစ်သနည်း??ခွန်အားပြည့် နှစ်ကြိမ်တိုက်ခိုက်နိုင်ခြင်းသည် ယီယွမ်နှင့် ဖိန်ချင်းပေါင်အကြား ခွန်အားကွာခြားမှုကို တန်းညှိပေးနိုင်မည်မဟုတ်ပေ။

ထိုသို့် လုပ်မည့်အစား ပို၍လက်တွေ့ကျသော သိုင်းပညာရပ်တစ်ခုကို လေ့ကျင့်ခြင်းက ပို၍ကောင်းမွန်ပေမည်။

ယီယွမ်က ထိုဇောင်ချူးရန်အပေါ်တွင် ကောင်းမွန်သောခံစားချက်ရှိပေသည်။အနည်းဆုံး ဇောင်ချူးရန်က သူ့ကို အခြားသူများက လှောင်ပြောင်သလို ဟာသလုပ်ခြင်းမရှိပေ။ထို့ကြောင့် သူက ပြုံး၍ ပြန်ပြောလိုက်သည်။"အကြံပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် ဂိုဏ်းတူအကိုကြီး... ဒါပေမယ့် ကျနော့်မှာ စီစဉ်ထားတာတွေရှိပါတယ်...ဒီနေ့ကနေ သုံးရက်မြောက်တဲ့နေ့မှာ ကျင်းပမယ့် သေခြင်းရှင်ခြင်းအဆုံးအဖြတ်တိုက်ပွဲမှာ ကျနော်ရင်ဆိုင်နိုင်မယ်လို့ ထင်ပါတယ်....."

"ဒါဆိုရင် ကောင်းပြီလေ... မင်းက အဲလိုဆိုမှတော့ ငါက နောက်ထပ် နားမချတော့ပါဘူး... အကောင်းဆုံးကြိုးစားပါ....."ဇောင်ချူးရန် ခေါင်းငြိမ့်လိုက်ပြီ သက်ပြင်းချရုံသာ တတ်နိုင်ခဲ့ပေတော့သည်။

ဒန်ဝူအကယ်ဒမီ၏ လျှို့ ဝှက်နေရာတစ်ခုတွင်

လူနှစ်ယောက်သည် အသံတိုးတိုးဖြင့် တိုင်ပင်နေကြသည်။

"ချင်းပေါင်...ယီယွမ်နဲ့မင်းရဲ့ သေခြင်းရှင်ခြင်း အဆုံးအဖြတ်တိုက်ပွဲကို ဘယ်လိုထင်လဲ??"

"ဘာကိုတွေးဖို့လိုသေးလို့လဲ??သူ့ကိုသတ်ရမှာပဲလေ...ဒီကလေကချေကောင်က အသက်ပြင်းလွန်းတယ်....လွန်ခဲ့တဲ့အခေါက်က သူက သေလုမတတ်ဖြစ်သွားပြီးမှ အိမ်ပြန်ခဲ့ရတာ...ရက်အနည်းငယ်ပဲကြာပြီးတော့သူက အသက်ရှင်ပြီးပြန်လာနိုင်တယ်...ဒီအခေါက်မှာတော့ ကျနော်က သူ့ကို လုံးဝအခွင့်အရေး မပေးတော့ဘူး..."

 ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Where stories live. Discover now