ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
စာစဉ် ( 13 )
Chapter-154
ဤအချိန်လုပ်ကြံတိုက်ခိုက်မှုက ဆက်သွယ်တိုက်ခိုက်မှုဖြစ်ပြီး အစီအစဉ်ကျကျ အချိတ်အဆက်မိမိ တိုက်ခိုက်မှု ဖြစ်၏။ ထိုတိုက်ခိုက်မှုက ယီယွမ်၏ အပြုအမူတိုင်းကို ကြိုတင်တွက်ဆပြီး ထွက်ပေါက်မဲ့အောင် ဖန်တီးတိုက်ခိုက်ခြင်းဖြစ်သည်။
စောစောက ယီယွမ်သည် ဒုတိယတိုက်ခိုက်မှုကို ကပ်သပ်ရှောင်ဖယ်ရန် အဋ္ဌမအလွှာ၏ ပြန်ကန်အားကို အသုံးပြုခဲ့ခြင်းဖြစ်၏။
သို့သော် ယခုအချိန်၌ ယီယွမ်က လေထဲ၌သာ ရှိနေသေး၏။ တတိယတိုက်ခိုက်မှုက ယီယွမ်ကို အသက်ရှူရန်ပင် အခွင့်အရေးမပေးခဲ့ဘဲ အားနည်းချက်မရှိစွာဖြင့် အချိတ်အဆက်မိမိ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အချိန်ကိုက်မှုက ကွက်တိပင်ဖြစ်ပြီး ပူးပေါင်းတိုက်ခိုက်မှုကလည်း အံ့ဩဖွယ်ကောင်းလှ၏။ ထိုတိုက်ခိုက်မှုက အားနည်းချက်လုံးဝမရှိပေ။
ပို၍ အရေးကြီးသည့်အချက်မှာ ထိုလူသုံးယောက်က အလွန်ခွန်အားကြီးမားနေခြင်းသာ ဖြစ်၏။ သူတို့အားလုံးက အဆင့်(5)စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ်နှင့် အထက်များ ဖြစ်ကြသည်။
အဆင့်(5)စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ်နှင့်အထက် သိုင်းပညာရှင်သုံးယောက်က ဤသို့ကောင်းမွန်လှသော လူသတ်ထောင်ချောက်ကို ပြင်ဆင်ထားခဲ့ပေရာ ထိုအရာက ရှောင်တိမ်း၍မရဘဲ သေချာပေါက်သေဆုံးရတော့မည်သာ ဖြစ်၏။
“အာ...ယီယွမ်…..” ဖိန်ဇီရိုကလည်း အလွန်လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး ယီယွမ်ကို ကူညီရန်အတွက် သွားမည့်ဟန် ပြင်ဆင်လိုက်သည်။
သို့သော် ထိုအချိန်၌ နောက်ထပ်ပုံရိပ်တစ်ခုက လျှပ်တစ်ပြက်ထွက်ပေါ်လာခဲ့ပြီး ဖိန်ဇီရိုကို ဦးတည်တိုက်ခိုက်ခဲ့၏။“မင်းရဲ့ပြိုင်ဘက်က ငါပဲ…..” မိုးပြာရောင်ပုံရိပ်တစ်ခုက အလွန်လျင်မြန်သောမြန်နှုန်းဖြင့် ဖိန်ဇီရိုအား တိုက်ခိုက်လိုက်သည်။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...