ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
စာစဉ် (၁၄ )
Chapter-163
ယီယွမ်၏ အသိစိတ်ပင်လယ်ထဲတွင် ဖျော့တော့သော ပုံရိပ်နှစ်ခုက မျက်နှာချင်းဆိုင် မတ်တတ်ရပ်နေခဲ့ကြသည်။
ယီယွမ်က ကြင်နာတတ်ပုံရသည့် အရပ်အမောင်းမြင့်မားပြီး ခန္ဓာကိုယ်တောင့်တင်းသည့် ပုံရိပ်ကိုကြည့်၍ ခါးခါးသီးသီး ငိုကြွေးနေခဲ့၏။
“ကျွန်တော် တော်တော်ညံ့ပါတယ်… ကျွန်တော်က တော်တော်လေးကို ညံ့ဖျင်းလွန်းပါတယ်… ဒီအကြောင်းကို အစောကြီးကတည်းက တွေးခဲ့မိသင့်တယ်… ဒီလောကကြီးတစ်ခုလုံးမှာ အဖေကလွဲပြီး ကျွန်တော့်အတွက် အရာအားလုံးလုပ်ပေးမဲ့သူ ဘယ်သူရှိမှာလဲ…..”
သူ၏စိတ်ခံစားချက်များက ကြေကွဲနေသည်ကို သိသာစွာဖြင့် ယီယွမ်၏ မျက်နှာပေါ်တွင် မျက်ရည်များစီးကျနေခဲ့သည်။
ပြန်လည်အစားထိုးဝင်ရောက်လာပြီးနောက် ယီယွမ်က အမြဲတမ်း တည်ငြိမ်ပြီး စိတ်အေးလက်အေး ရှိတတ်သည်။ ဤအချိန်မတိုင်မီအထိ ယီယွမ်က သူ၏ခံစားချက်များကို လုံးဝပင်အထိန်းအကွပ်မဲ့စေသည့် အဖြစ်အပျက်တစ်ခါမှ မဖြစ်ဘူးခဲ့ပေ။
သူ၏အမုန်းတရားများကို နှလုံးသား၏ အနက်ရှိုင်းဆုံးနေရာ၌ သိမ်းဆည်းထားခဲ့ပြီး သူ၏စွမ်းအင်အကုန်လုံးကို ကျင့်ကြံခြင်းအပေါ်တွင်သာ မြှုပ်နှံထားခဲ့သည်။ သူ၏ တစ်ခုတည်းသောရည်မှန်းချက်မှာ နတ်ဘုရားနိုင်ငံတော်သို့ ပြန်သွား၍ ထိုသစ္စာဖောက်ကို သူ၏လက်ဖြင့် လက်စားချေသတ်ဖြတ်ရန်ပင် ဖြစ်၏။
သို့သော် ဤတစ်ကြိမ်၌ ထိုပုဂ္ဂိုလ်ကို ရင်ဆိုင်ရချိန်တွင် သူ၏တည်ငြိမ်မှုကို ထိန်းသိမ်းနိုင်စွမ်းမရှိတော့ပေ။
ဤပုဂ္ဂိုလ်က သူ့ကို သန်မာလာအောင်လုပ်ဆောင်ပေးခဲ့သော ဖခင်ဖြစ်သည့်အပြင် သူ့အားမှော်ဆေးပညာနှင့် ကျင့်စဉ်ကျင့်ကြံခြင်းကို သင်ကြားပေးခဲ့သည့် နတ်ဘုရားနိုင်ငံတော်တွင် အစွမ်းအထက်ဆုံး မှော်ဆေးပညာရှင်အင်ပါယာတစ်ဦးဖြစ်သည့် ဂျိကျန်းယန် ဖြစ်ပေသည်။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...