Chapter 77

3.5K 461 1
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ်(7)

Chapter-77

“ သူ...သူက ဒီလို ထွက်သွားတယ်ပေါ့…..”

ဝမ်ဂျင်ဖူက ယီယွမ်ကို တားဆီးရန် သတိမေ့နေခဲ့၏။ သူ သတိဝင်လာသည့်အချိန်တွင် ယီယွမ်က ထွက်သွားခဲ့ပြီ ဖြစ်သည်။

စွန်းဂျိန်မင်က သက်ပြင်းချ၍ ပြောလိုက်၏။ “ သူက ထွက်မသွားလို့ ဘာလုပ်ရမှာလဲ...သူ့ရဲ့ ကိုယ်တွင်းစွမ်းအင်တွေ ကုန်လုနီးပါးဖြစ်နေပြီလေ...အချိန်ကိုက် အနားယူပြီး ခွန်အားပြန်ပြည့်လာအောင်မလုပ်နိုင်ရင် အန္တရာယ်အရမ်းရှိတယ်လေ...သူ့ရဲ့ အဆင့်(4)ချီစွမ်းအင်အဆင့် နဲ့ အဆင့်(2)ဆေးလုံးကို ဖော်စပ်နိုင်ခဲ့ပေမဲ့ ဒါက အလွန် ဖိအားဖြစ်သွားတယ်...ဆေးဖော်စပ်မှု တစ်ခုကြောင့် အန္တရာယ်ဖြစ်စေခဲ့တယ်ဆိုရင် ဘယ်လောက်သနားစရာကောင်းလိုက်သလဲ…..”

“ဟူး...ခွန်အားကုန်အသုံးပြုခဲ့ရတယ်ဆိုရင်တောင် သူက အဆင့်(2)ဆေးလုံးကိုဖော်စပ်သန့်စင်နိုင်တဲ့ ခွန်အားရှိနေပြီလေ...လိုအပ်နေတာက ကိုယ်တွင်းစွမ်းအင်တွေ စုစည်းဖို့ပဲလေ…..” ဝမ်ဂျင်ဖူ၏ စကားများတွင် ထိတ်လန့်တုန်လှုပ်မှု များ ပါဝင်နေဆဲဖြစ်သည်။

စွန်းဂျိန်မင်ကသဘောတူသည့်ပုံဖြင့် ခေါင်းညိတ်လိုက်၏။

သို့ရာတွင် သူက ရုတ်တရက် တုန်လှုပ်သွားခဲ့သည်။ “ အံ့ဩစရာပဲ...အခု ယီယွမ်ရဲ့ ဆေးဖော်စပ်မှုက အံ့ဩစရာဖြစ်ရပ်တစ်ခုပဲ…..”

“ ဟုတ်တယ်...ဒါက တကယ် အံ့ဩစရာပဲ...ဖြစ်နိုင်တာက ယီယွမ်ရဲ့ ယင်-ယန်ခွဲဖြာစီးဆင်းနည်းပညာရပ်က ဒဏ္ဍာရီအဆင့် ထိ ရောက်နေပြီလား…..” ဝမ်ဂျင်ဖူကလည်း အံ့အားသင့်နေခဲ့၏။

“ သေချာပေါက် ဒဏ္ဍာရီအဆင့် ပဲ...အဆင့်(4)ချီစွမ်းအင်အဆင့် တစ်ယောက် ဆေးဖော်စပ်တာက ငါတို့နှစ်ယောက်ရဲ့ စိတ်ကိုတောင် သက်ရောက်မှု ရှိနေတာ ဒဏ္ဍာရီအဆင့် ကလွဲပြီး မဖြစ်နိုင်ဘူး…..” စွန်းဂျိန်မင်က သဘောတူစွာ ထောက်ခံပြောဆိုလိုက်သည်။

ဆေးဖော်စပ်မှုပညာရပ်များက သိုင်းပညာရပ်များနှင့် အခြေခံ အချက်များသာ တူညီကြ၏။ မှော်ဆေးပညာ ပညာရပ်များက တိုက်ခိုက်မှုစွမ်းရည်များ မရှိကြပေ။

 ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Where stories live. Discover now