ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
စာစဉ်(7)
Chapter-78
ရုတ်တရက် ဖိန်လျှိုချင်၏ ဘေးနားတွင် ကိုယ်တွင်းစွမ်းအင်များ စုစည်းကာ ကိုယ်တွင်းစွမ်းအင်မုန်တိုင်းငယ်တစ်ခု ဖြစ်ပေါ်နေခဲ့သည်။
ဖိန်လျှိုချင်၏ ခန္ဓာကိုယ်က ကိုယ်တွင်းစွမ်းအင်များကို အလောတကြီး စုပ်ယူလိုက်ပြီး အတားအဆီးများကို တဟုန်ထိုး ကျော်ဖြတ်သွားခဲ့၏။
မူလက သူမသည် အဆင့်(6)စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ် အဆင့်သာ ရှိခဲ့၏။ ရုတ်တရက် ဥာဏ်အလင်းပွင့်သွားခဲ့သည့်အတွက် သူမ၏ စိတ်ဝိညာဉ်ခွန်အား က အဆင့်မြင့်အဆင့် မှော်ဆေးပညာရှင်မာစတာ အဆင့် သို့ ရောက်ရှိသွားသည်သာမက သူမ၏ ကျင့်စဉ်အဆင့်ကလည်း အဆင့်(6)စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ် အဆင့်မှ အဆင့်(7)စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ် အဆင့်သို့ တိုက်ရိုက်မြင့်တက်သွားခဲ့သည်။
ခန်းမအတွင်းရှိ ကိုယ်တွင်းစွမ်းအင်များ ပြန်လည်တည်ငြိမ်သွားသည့်အခါတွင် ဖိန်လျှိုချင်က သူမ၏ မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်၏။
“ အဆင့်မြင့်အဆင့် မှော်ဆေးပညာရှင်မာစတာဖြစ်လာတဲ့အတွက်ဂုဏ်ယူပါတယ် ဖိန်မိန်းကလေး…..”
ဝမ်ဂျင်ဖူက ချက်ချင်းပင် ဂုဏ်ပြုစကားပြောဆိုလိုက်ပြီး အခြားသူများကလည်း လာရောက်၍ ချီးကျူးစကားပြောဆိုခဲ့ကြသည်။
ဖိန်လျှိုချင် က ယခု အသက်အရွယ်နှင့် အဆင့်မြင့်အဆင့် မှော်ဆေးပညာရှင်မာစတာ ဖြစ်လာခဲ့၏။ အနာဂတ်တွင် သူမက အနည်းဆုံး မှော်ဆေးပညာရှင်ဂရန်းမာစတာ တစ်ယောက် ဖြစ်လာပေမည်။
အနာဂတ် ချင်နိုင်ငံ၏ အဓိက ပုဂ္ဂိုလ်ဖြစ်လာမည့်သူဖြင့် ရင်းနှီးသောဆက်ဆံရေး ထူထောင်ထားရန်မှာ မရှိမဖြစ်လိုအပ်ပေသည်။
ဖိန်လျှိုချင် က ဂုဏ်ပြုစကားပြောဆိုသူများကို ဝတ္တရားအရ ကျေးဇူးတင်စကား ပြန်လည်ပြောဆိုနေသော်လည်း သူမ၏ မျက်လုံးများက လူအုပ်ကြီးကို ကြည့်နေခဲ့ကာ သူမရှာဖွေနေသော သူ ကို ရှာမတွေ့ခဲ့ပေ။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...