ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
စာစဉ်(9)
Chapter-95
ဂျင်ယွန်ဟီ က ယီယွမ် ၏ အဆင့်နိမ့် မှော်ဆေးပညာရှင်မာစတာ အဖြစ်သို့ ရောက်ရှိသွားမှုကို အများပြည်သူသို့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပေ။သို့ဖြစ်၍ အကယ်ဒမီတွင် ဖိန်လျှိုချင် နှင့် မိုးကောင်းကင်တာအိုကို တိုင်တည်သစ္စာဆိုထားသော ကျောင်းသားများသာ ယီယွမ် မှော်ဆေးပညာရှင်မာစတာ တံဆိပ်ကို ရရှိထားကြောင်း သိရှိပေသည်။
မူလက ဤတံဆိပ်မှာ ယီယွမ်အတွက် အရေးမပါပေ။သို့သော် ထိုတံဆိပ်ကိုလျူအာက အသက်ဆုံးရှုံးရလုနီးပါး ကာကွယ်ခဲ့ခြင်းကြောင့် တံဆိပ်က ယီယွမ် အတွက် အလေးအမြတ်ထားရမည့် ပစ္စည်းဖြစ်လာခဲ့၏။
ယီယွမ်က လျူအာကို ဖိန်လျှိုချင်၏ လက်ထဲသို့ ပေးလိုက်ပြီးနောက် သူက တံဆိပ်ကို အလေးအနက်ထား တပ်ဆင်ခဲ့သည်။
ထိုအရာကို ထုတ်ဖော်ပြသရန် သူက စိတ်ကူးမရှိခဲ့သော်လည်း ယခု ထိုအရာက ပွက်လောရိုက်သွားစေခဲ့ပြီဖြစ်၏။
ယီယွမ်နှင့် လင်ထန်းချန် က အကွာအဝေးတစ်ခုမှ မျက်နှာချင်းဆိုင် နေခဲ့ကြ၏။အချိန်အနည်းငယ်ကြာပြီးနောက် သူတို့က အကောင်းဆုံးအခြေအနေသို့ ပြန်ရောက်သွားခဲ့ကြသည်။
သူက လင်ထန်းချန်၏ အဆင့်တက်မှုကို နှောင့်ယှက်ခြင်းမရှိပေ။အဘယ်ကြောင့်ဆိုသော် ထိုသို့ပြုလုပ်ခြင်းက အသုံးမဝင်သောကြောင့်ပင်။
လင်ထန်းချန်က စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ် ကို နားလည်နေခဲ့သည်မှာ ကြာပြီဖြစ်၍ အတားအဆီး ကိုအချိန်မရွေး ကျော်ဖြတ်သွားနိုင်ပေသည်။သူက သူ၏ ကျင့်စဉ်အဆင့် ကို ဖိနှိပ်ထားခြင်းသာ ဖြစ်ပြီး ကိုယ်တွင်းစွမ်းအင်များကို ဖိနှိပ်ထားခြင်းမဟုတ်ပေ။
လက်ရှိအချိန်တွင် လင်ထန်းချန်ကို ယီယွမ် က လျှပ်တစ်ပြက် တိုက်ခိုက်လျှင်ပင် သူ၏ ကျင့်စဉ်အဆင့်တက်မှုကို တားဆီးနိုင်မည် မဟုတ်ပေ။
. . . . . .
ကိုယ်တွင်းစွမ်းအင်မုန်တိုင်း ပျောက်ကွယ်သွားပြီးနောက် လင်ထန်းချန် ၏ အော်ရာများ ရုတ်တရက် မြင့်တက်သွားခဲ့သည်။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...