ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
စာစဉ်(၁၂)
Chapter-131
ယန်စွမ်းအင်ဆေးလုံး ကို ဖော်စပ်ရန် မှာ စိန်ခေါ်မှုအလွန်ကြီးမားသည်။ယီဟန်ပင် ထိုဆေးကို မဖော်စပ်နိုင်ပေ။
သို့ဖြစ်၍ သူက စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ် အဆင့်သို့ မရောက်ခဲ့လျှင် ထိုဆေးဖက်ဝင်ပစ္စည်းများကို ရှာဖွေတွေ့ရှိခဲ့လျှင်ပင် လျူအာ အတွက် အသုံးဝင်မည် မဟုတ်ပေ။
သို့ရာတွင် စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ် အဆင့်သို့ တက်ရောက်ရန် မှာ အခြားသူများအတွက် အလွန်ခက်ခဲသော အလုပ်ဖြစ်သော်လည်း ယီယွမ်ကဲ့သို့ မှော်ဆေးပညာရှင်အင်ပါယာ အတွက်မူ လွယ်ကူသော ကိစ္စတစ်ခုသာ ဖြစ်၏။
နှစ်ရက်ကြာ တံခါးပိတ်လေ့ကျင့်ခန်းပြုလုပ်ခဲ့သော်လည်း ယီယွမ်၏ ကျင့်စဉ်က အပြည့်အဝ တည်ငြိမ်မှုမရှိခဲ့သေးပေ။ထိုသို့ မဟုတ်ခဲ့ပါက လက်ရှိအချိန်၌ ယီယွမ် က စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ် အဆင့်သို့ တက်ရောက်နိုင်မည် ဖြစ်သည်။
အဆင့်(4)ချီစွမ်းအင်နယ်ပယ် မှ အဆင့်(9)ချီစွမ်းအင်နယ်ပယ် အထွတ်အထိပ်အဆင့် သို့ တက်ရောက်ခဲ့သည့် သူ၏ အမြန်နှုန်းက အလွန်ချောမွေ့ခဲ့၏။
ရေကဲ့သို့တည်ငြိမ်သောနှလုံးသား ကို နားလည်သွားခြင်းက ကျင့်စဉ်များ အဆင့်တက်ခြင်းကို အလွန်လျင်မြန်စွာ ဖြင့် အလွယ်တကူ လုပ်ဆောင်ရာတွင် လျှို့ဝှက်အန္တရာယ်များကို ပယ်ရှားပေးပြီး ဖြစ်သော်လည်း ကျင့်စဉ်ကို စနစ်တကျ တည်ငြိမ်အောင် မလုပ်ဆောင်နိုင်ခဲ့ပါက အနာဂတ်ကျင့်စဉ်လမ်းကြောင်းကို သက်ရောက်မှုများ ရှိလာပေမည်။
ယီယွမ်က ထိုအကြောင်းအရာကို သတိလက်လွတ် မလုပ်ရဲပေ။
ကျင့်စဉ်အဆင့် ကို တည်ငြိမ်အောင် လုပ်ဆောင်နိုင်မည့် အကောင်းဆုံး နည်းလမ်းမှာ များစွာသော တိုက်ပွဲများမှ အတွေ့အကြုံများကို အသုံးချခြင်း ဖြစ်ပေသည်။
အဆုံးမဲ့တောအုပ် တွင် အပေါများဆုံး အရာမှာ မိစ္ဆာသားရဲ များ ဖြစ်ကြသည်။ ယီယွမ်က သားရဲများကို တိုက်ခိုက်ပြီး သူ၏ ကျင့်စဉ်ကို တည်ငြိမ်အောင် လုပ်ဆောင်နိုင်ပေ၏။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...