ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ- ဖြိုးသူဝင်း
စာစဉ် ( ၁၄ )
Chapter-165
“ငါ… ငါဘာဖြစ်သွားတာလဲ… အာ… ယီယွမ် နင်က အဆင်ပြေနေတယ်ပေါ့… ကောင်းလိုက်တာ…..”
နန်ဖိန်ဇီရိုက တဖြည်းဖြည်းသတိပြန်ဝင်လာခဲ့၏။ ယီယွမ်ကအန္တရာယ်ကင်းနေပြီး အသံကြားလိုက်ရသောအခါ သူမက အလွန်အမင်း ပျော်ရွှင်သွားခဲ့သည်။
အကြောင်းရင်းမသိရသော်လည်း နန်ဖိန်ဇီရို၏ ယီယွမ်အပေါ်စိုးရိမ်မှုက အလိုအလျောက်ဖြစ်ပေါ်လာသော အလေ့အကျင့်တစ်ခုဖြစ်လာခဲ့ပေ၏။ (ဒါဟာအချစ်တဲ့လား…)
“ဟားဟား… ဒါက စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ်ကို အဆင့်တက်ရောက်တာပဲလေ… ဘာဖြစ်ရမှာလဲ…..” ယီယွမ်က သူ၏နှလုံးသားထဲမှ ပူဆွေးသောကများကို အပြည့်အဝထိန်းချုပ်ပြီး အတင်းလုပ်ယူထားသော အပြုံးတစ်ခုကို ပြုံးပြလိုက်သည်။
“ဒါပေမဲ့ စောစောကတင်လူတွေကို သေလောက်အောင်ထိတ်လန့်စေခဲ့တယ်လေ… နင့်ရဲ့ခေါင်းကိုကိုင်ပြီး မြေပြင်ပေါ်မှာ လူးလှိမ့်နေတာမဟုတ်ဘူးလား… ငါကတွေးမိသွားတာ နင်… ငါကနင့်ရဲ့ နာကျင်ခံစားနေရတဲ့ အမူအရာကိုမြင်ပြီး နင့်ကိုကူညီပေးမလို့ လာချင်ပေမဲ့ ဒီတစ်ယောက်က ငါ့ကို သတိလစ်သွားအောင်လုပ်လိုက်တယ်လေ… ဟမ့်…..” နန်ဖိန်ဇီရိုက ယွမ်ဖန်းကို မကျေမနပ်ကြည့်၍ လက်ညှိုးထိုးပြခဲ့၏။
ယွမ်ဖန်းက အလွန်အမင်းခွန်အားကြီးမားနေခြင်း မရှိလျှင် ထိုအချိန်၌ သူမ၏ဓားကို ထုတ်၍ ဓားဖြင့်တိုက်ခိုက်ခဲ့မည်သာ ဖြစ်သည်။
“ဂိုဏ်းတူအစ်မနန်ဖိန်ကို လာခွင့်မပေးတာမှန်ကန်တဲ့အတွက် သူ့ကိုနောက်ထပ် အပြစ်တင်စရာမရှိပါဘူး… ကျွန်တော့်ရဲ့ နတ်ဘုရားစိတ်ဝိညာဉ်ပြောင်းလဲခြင်းက အခြားသူတွေနဲ့ကွာခြားတယ်… ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် နှိပ်စက်တဲ့ နည်းလမ်းတစ်မျိုးကို လေ့ကျင့်တဲ့အတွက် ဒီလိုနာကျင်မှုမျိုးကို ခံစားခဲ့ရတာ… စောစောက ကျွန်တော့်ပတ်ဝန်းကျင်မှာ ပေဒါဇင်ပေါင်းများစွာက အလွန်အန္တရာယ်ကြီးမားတယ်… ဂိုဏ်းတူအစ်မနန်ဖိန်က စိုးရိမ်တကြီး လာရောက်ခဲ့မယ်ဆိုရင် ဂိုဏ်းတူအစ်မနန်ဖိန်ရဲ့ နတ်ဘုရားစိတ်ဝိညာဉ်ကလည်း ဒဏ်ရာအများကြီးရသွားလိမ့်မယ်…..” ယီယွမ်က ရှင်းပြလိုက်၏။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...