ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
စာစဉ်(10)
Chapter-114
“ဘာဖြစ်နေတာလဲ...ဒီ ဝင်္ကပါ ရဲ့ စွမ်းအားက ပုံမှန်မဟုတ်ဘူး…..”
ဟုရန်ယွမ် က ကောင်းကင်ဘုံကိုးခုလျှောက်လမ်း မှ ထွက်ပေါ်လာသော သတ်ဖြတ်ခြင်းအငွေ့အသက် ကို ခံစားလိုက်ရ၍ ကျောတွင် ချွေးများ စီးကျလာခဲ့သည်။
ဖိန်လျှိုချင် ကလည်း မျက်မှောင်ကုတ်သွားပြီး ပြောလိုက်၏။ “ဘာလို့ တတိယအဆင့်က ဒီလောက် အစွမ်းထက်တဲ့အင်အား ရှိနေရတာလဲ…..”
“ဟုတ်တယ်...အတိတ်တုန်းက မိုယုထန် ကောင်းကင်ဘုံကိုးခုလျှောက်လမ်း ကို စိန်ခေါ်ဝင်ရောက်တဲ့ အချိန်မှာ ငါရှိနေတယ်...တတိယအဆင့်ကနေ ဒီလို အရိုးခိုက်အောင်အေးစက်တဲ့ ဓားအငွေ့အသက်တွေ ထွက်ပေါ်လာခြင်း မရှိခဲ့ဘူး…..”
“ဖြစ်နိုင်တာက ရေကဲ့သို့တည်ငြိမ်သောနှလုံးသား အဆင့်ကို ယီယွမ်က နားလည်သွားခဲ့လို့လား…..”
ဟုရန်ယွမ် က အသက်ကို ခက်ခက်ခဲခဲ ရှူသွင်းလိုက်ရပြီး ပြောဆိုခဲ့သည်။ “ကောင်းကင်ဘုံကိုးခုလျှောက်လမ်း ရဲ့ ဝင်္ကပါ က ဝင်ရောက်ဖြတ်ကျော်တဲ့သူ သန်မာတာနဲ့ သူကလည်း ပိုပြီး စွမ်းအားကြီးလာတာ...ဖြစ်နိုင်တာက ကောင်းကင်ဘုံကိုးခုလျှောက်လမ်း က ယီယွမ် ကို မိုယုထန် ထက် ပိုပြီး သန်မာတယ်လို့ သတ်မှတ်လိုက်တာလား...ဒါပေမဲ့ ယီယွမ်က အဆင့်(9)ချီစွမ်းအင်အဆင့် ပဲ ရှိသေးတာလေ…..”
“သူက အဆင့်(9)ချီစွမ်းအင်အဆင့် ပဲရှိသေးတာ ဖြစ်ပေမဲ့ မိုယုထန်က ရေကဲ့သို့တည်ငြိမ်သောနှလုံးသား အဆင့်ကို နားလည်ခဲ့ခြင်း မရှိဘူးလေ...သူက ဒုတိယအဆင့်ကို ကျော်ဖြတ်ရာမှာ စုတ်ပြတ်နေတဲ့ ပုံသဏ္ဍာန်နဲ့ ကျော်ဖြတ်ခဲ့ရတာလေ...အခု ယီယွမ်က အင်အားစိုက်ထုတ်စရာမလိုဘဲ ဖြတ်ကျော်ခဲ့တာဆိုတော့ သူက ယီယွမ်ကို ဘယ်လို ယှဉ်နိုင်တော့မှာလဲ…..”
“ဒီအကြောင်းပြချက်တစ်ခုပဲ ရှိတော့မယ်...ယီယွမ်ဘာမှမဖြစ်ပါစေနဲ့လို့ပဲ မျှော်လင့်ရတော့မှာပေါ့…..”
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...