Chapter 136

2.4K 260 1
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ်(12)

Chapter-136

ဖိန်ဇီရို က ရနံ့ဖုံးကွယ်ဆေးလုံး ကို သောက်သုံးလိုက်သည်။ထို့နောက် လမ်းတစ်လျှောက်တွင် မိစ္ဆာသားရဲ များ၏ တိုက်ခိုက်မှုကို မကြုံခဲ့ရ၍ သူတို့နှစ်ယောက် ၏ သွားလာမှု အမြန်နှုန်းက မမျှော်မှန်းထားလောက်သည့် အခြေအနေအထိ မြန်ဆန်လာခဲ့၏။

နေ့တစ်ဝက်ခန့်ကြာပြီးနောက် သူတို့နှစ်ဦးက ခရီးတစ်ဝက်ခန့်သို့ ရောက်လုနီးပါး ဖြစ်လာခဲ့၏။ သို့သော် ယီယွမ်က ရုတ်တရက် ရပ်တန့်သွားခဲ့သည်။

"နင်ဘာလို့ ဆက်မလျှောက်တော့တာလဲ....." ဖိန်ဇီရို က မေးမြန်းလိုက်၏။

"အခွင့်အရေး ကောင်းတစ်ခု ရှိနေလို့ပါ....."

စကားအဆုံး၌ ယီယွမ် က ခုန်ထွက်သွားခဲ့ရာ လိုဏ်ဂူတစ်ခု၏ အရှေ့သို့ ရောက်ရှိသွားခဲ့၏။ ဖိန်ဇီရို ကလည်း ဘေးမှလိုက်ပါလာခဲ့ပြီး အလွန်အမင်း သိချင်နေခဲ့သည်။

ဖိန်ဇီရို က ထပ်မံ မေးမြန်းမည့်အချိန်တွင် ယီယွမ်က သူ၏လက်ဖြင့် တိတ်တိတ်နေရန် အချက်ပြလိုက်ပြီး လျှို့ဝှက်အသံပို့ဆောင်နည်း ဖြင့် ပြောကြားလိုက်၏။ "ဒီလိုဏ်ဂူထဲမှာ ခိုင်မာတံတိုင်းပန်းပွင့် လို့ခေါ်တဲ့ ဆေးဖက်ဝင်ပစ္စည်း တစ်မျိုးရှိတယ်...ဒါပေမဲ့ အဲဒီပန်းကို သံလက်သည်းပျံဝက်ဝံ တွေ စောင့်ကြပ်နေတယ်...."

ဖိန်ဇီရို က ပဟေဠိ ဖြစ်စွာဖြင့် မေးလိုက်၏။ "နင်က ဘယ်လို သိနေပြန်တာလဲ....."

"အချို့ တန်ဖိုးကြီးမားတဲ့ ဆေးဖက်ဝင်ပစ္စည်း တွေက သားရဲတွေနဲ့တင် ဆက်စပ်နေတာမဟုတ်ဘူး...အပင်တွေနဲ့လည်း ဆက်စပ်နေတယ်...အပြာရောင်စန္ဒကူးပင် က မြေဆီလွှာထဲကို အရည်တစ်မျိုး စစ်ထုတ်ပေးတယ်...ပြီးတော့ အဲဒီအရည်က ခိုင်မာတံတိုင်းပန်းပွင့် အတွက် တန်ဖိုးကြီးမားတဲ့ အာဟာရဓာတ်ပဲ....." ယီယွမ်က ရှင်းပြလိုက်သည်။

ယီယွမ် ၏ ရှင်းပြမှုကို ကြားရာတွင် ဖိန်ဇီရို က အံ့သြလွန်း၍ စကားမပြောနိုင်လောက်အောင်ပင် ဖြစ်သွားခဲ့၏။

 ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Where stories live. Discover now