ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ -ဖြိုးသူဝင်း
Chapter 22
ယီယွမ်၏ အပ်စိုက်ကုထုံးစွမ်းရည်နှင့် သူ၏ လှုပ်ရှားမှုများ ရေကဲ့သို့ စဉ်ဆက်မပြတ်လှုပ်ရှားနေပုံကိုကြည့်၍ ထန်ယုပိုမိုယုံကြည်လာခဲ့သည်။ထိုအချိန်တွင် ယခင်က ယီယွမ်ကို ပြောနေကြသော အတင်းအဖျင်းစကားများမမှန်ကန်ကြောင်း သိလိုက်ရသည်။
"အဖေ ဘယ်လိုနေသေးလဲ....သက်သာရဲ့လား??"အပ်စိုက်ကုသခြင်းပြီးသွားသောအခါ ထန်ယုလျင်မြန်စွာမေးခဲ့၏။
ထန်ဇောင်ဟွာ ၏ မျက်နှာမှာ သွေးရောင်လွှမ်းလာခဲ့ပြီး ချောင်းဆိုးခြင်းမှာလည်း ယခင်ကလောက် မပြင်းထန်တော့ပေ။"ယီသခင်လေးက တစ်ကယ်တော်ပါပေတယ်....ခန္ဓာကိုယ် တစ်ခုလုံး ပေါ့ပါးသက်သာသွားတာပဲ....."
စကားပြောသည့်အချိန်မောပန်းနေသော်လည်း ယခင်ကထက်စာလျှင် ပိုမိုသက်သာလာခဲ့သည်။
ယီယွမ်၏ အပ်စိုက်ကုထုံးသည် မူလကုထုံးမဟုတ်ပဲ သူကိုယ်တိုင် တီထွင်ထားခဲ့သော ကုထုံးဖြစ်၏။ထိုကုထုံးကို ယီယွမ်က "စက်ဝိုင်းကြီး (72) ပတ် အပ်စိုက်ကုထုံး"ဟု အမည်ပေးခဲ့သည်။နတ်ဘုရားနိုင်ငံတော်တွင် ထိုကုထုံးကြောင့် လူအများအပြား အုံကြွခဲ့ရပြီး ထိုကုထုံးတွင် ဖော်မပြနိုင်လောက်အောင်ပင် အစွမ်းထက်လှသော စွမ်းရည်များ ပိုင်ဆိုင်ထား၏။
လက်ရှိသူ၏ နိုင်ငံတွင် ထိုအပ်စိုက်ကုထုံး၏ စွမ်းရည်အစစ်အမှန်ကို ဖော်ထုတ်ပြသရန်စိတ်ကူးမရှိဘဲ ထန်ဇောင်ဟွာ၏ အခြေအနေကို ထိန်းသိမ်းရန်အတွက်သာ စွမ်းရည်အချို့ကို အသုံးပြုခဲ့ခြင်းဖြစ်သည်။
"ဒီအပ်စိုက်ကုထုံးက ရောဂါလက္ခဏာတွေကိုပဲ သက်သာစေတာ...ဒါပေမယ့် ရောဂါအရင်းအမြစ်ကိုတော့ မကုသနိုင်ဘူး....မနက်ဖြန် ကျနော်ဆေးယူလာခဲ့မယ်...အချိန်ဆွဲလို့မကောင်းဘူး....ကျနော်ပြန်တော့မယ်နော်...."သူ၏စကားများအဆုံးတွင် ယီယွမ်က နှုတ်ဆက်စကားပြော၍ ထွက်ခွာသွားခဲ့သည်။
ယီယွမ်က သင်းရနံ့ဆေးဂေဟာ သို့သွား၍ "ယွမ်ပြိုကွဲပေါက်ထွက်ဆေးလုံး"ဖော်စပ်ရန်လိုအပ်သော ဆေးပစ္စည်းများကို ယူဆောင်၍ "အရွက်ခြောက်ခုမြက်ပင်"သုံးခုနှင့်အတူ ဆေးဖော်စပ်သည့်အခန်းထဲသို့ ဝင်သွားခဲ့သည်။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...