ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
စာစဉ်(9)
Chapter-96
သူက သွေးတစ်ပွက် အန်ထားသော်လည်း ယီယွမ်၏ အော်ရာအရှိန်အဝါ များက ဆက်လက် မြင့်တက်နေခဲ့သည်။
လားရာဆယ်ခုလျှပ်စီး ပညာရပ်၏ ပြင်းအားကို အဋ္ဌမအလွှာက ပယ်ဖျက်ပေးသွားခဲ့၍ ယီယွမ်၏ ဒဏ်ရာများမှာ အလွန်ပြင်းထန်ခြင်းမရှိပေ။
လူတိုင်း၏ အံ့အားသင့်နေသော မျက်ဝန်းများအောက်တွင် ယီယွမ် ၏ ကျင့်စဉ်အဆင့်က အဆင့်(7)ချီစွမ်းအင်အဆင့် သို့ အသာအယာ တက်ရောက်သွားခဲ့၏။
အဆင့်(7)ချီစွမ်းအင်အဆင့် သို့ တက်ရောက်သွားခြင်းမှာ ချီစွမ်းအင်နယ်ပယ် ၏ နောက်ဆုံး သာမန် အဆင့် ကို ရောက်ရှိသွားခြင်း ဖြစ်သည်။
သို့ရာတွင် ယီယွမ်ကြောင့် လူအများ အံ့အားသင့်မှုက ရပ်တန့်သွားခြင်း မရှိတော့ပေ။
အဆင့်(7)ချီစွမ်းအင်အဆင့် သို့ ရောက်ရှိသွားသော်လည်း ယီယွမ် ၏ အော်ရာများက အားနည်းသွားခြင်း မရှိသေးပေ။ သူက အဆင့်(7)ချီစွမ်းအင်အထွတ်အထိပ်အဆင့် ကို ဆက်လက်တက်ရောက်ရန် ပြင်ဆင်လိုက်၏။
အသက်တစ်ခါရှူ ချိန်အတွင်း ယီယွမ် က အဆင့်(7)ချီစွမ်းအင်အထွတ်အထိပ်အဆင့် သို့ ရောက်ရှိသွားခဲ့သည်။
ထို့နောက် သူက အဆင့်(8)ချီစွမ်းအင်အဆင့် အစောပိုင်းအခြေအနေကို ရောက်ရှိသွား၏။
ထို့နောက် ယီယွမ် ၏ အော်ရာများက တဖြည်းဖြည်း တည်ငြိမ်သွားခဲ့ပြီး အဆင့်(8)ချီစွမ်းအင်အဆင့် ၌ ရပ်တန့်သွားခဲ့သည်။
“ဘုရားရေ...ယီယွမ်သောက်လိုက်တဲ့ဆေးက ဘာဆေးလဲ...သာမန်အဆင့် နှစ်ခုကို တိုက်ရိုက်ကျော်ဖြတ်သွားခဲ့တာ…..”
“ လခွမ်း...တစ်စုံတစ်ယောက် က ဒီလို ဆေးလုံးမျိုး ရှိနေရင် တိုက်ပွဲတွင်း အဆင့်တက်ဖို့်က ကလေးကစားစရာလိုပါပဲလား…..”
“ဟီးဟီး...ကြည့်ရတာ ဂိုဏ်းတူအစ်ကိုကြီး လင်က သူ့ကိုယ်သူ ကျဉ်းထဲကြပ်ထဲ ရောက်အောင် လုပ်မိသွားတာပဲ...စောစောက ယီယွမ် ရဲ့ ကျင့်စဉ် အဆင့်က အလွန်နိမ့်ကျနေလို့ သူက အဋ္ဌမအလွှာကို အသုံးပြုခဲ့တာတောင် ဂိုဏ်းတူအစ်ကိုကြီး လင်ကို မခြိမ်းခြောက်နိုင်ခဲ့တာ...ဒါပေမဲ့ အခု ယီယွမ် ရဲ့ အဋ္ဌမအလွှာက ကြောက်စရာအလွန်ကောင်းသွားပြီ…..”
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...