Chapter 3

7.7K 717 1
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ -ဖြိုးသူဝင်း

Chapter- 3

အစိမ်းရောင်ပုံရိပ်လေးသည် ယီယွမ်၏ အစေခံမလေး လျူအာပဲဖြစ်ပေသည်။

လျူအာကား တောက်ပသော မျက်ဝန်းတစ်စုံပိုင်ဆိုင်ထားပြီး ချစ်စရာကောင်းပေသည်။အစိမ်းရောင် ဝတ်စုံလေးနှင့် သူမသည် ချစ်စရာကောင်းသည့် မှင်စာငယ်လေးတစ်ကောင်နှင့် တူနေပေ၏။

ယီယွမ်က သူမအကြောင်းကို ကောင်းစွာသိရှိခဲ့သည်။သူမသည် ငယ်စဉ်က သူ၏ ကစားဖော်ဖြစ်ခဲ့ပြီး သူ၏ မိဘများကလွဲ၍ သူနှင့် အနီးကပ်ဆုံးသူတစ်ယောက်ဖြစ်သည်။

အိမ်တော်အပြင်ဘက်မှာ ဘာတွေပဲဖြစ်ခဲ့ ဖြစ်ခဲ့ ဘယ်သူကမှ ယီယွမ်ကို အထင်မကြီးကြပါစေ လျူအာကတော့ ချွင်းချက်ပဲဖြစ်၏။ယီယွမ်က အပြင်မှာ ဘယ်လိုပင်ဆိုးနေပါစေ လျူအာကတော့ စိတ်ရင်းအမှန်နဲ့ လေးစားနေဆဲဖြစ်သည်။

ထို့ကြောင့် ယခင် ယီယွမ်က သူမကို ညီမလေးတစ်ယောက်လို သဘောထားပြီး လက်ရှိတွင်လည်း ယီယွမ်က လျူအာကို ညီမလေးတစ်ယောက်ကဲ့သို့ပင် သဘောထားပေမည်။

တကယ်တော့ ယီယွမ်က ဆိုးသွမ်းနေသော်လည်း အမျိုးသမီးများကို ယုတ်မာခြင်းမရှိဘဲ အပျော်သဘော စနောက်ခြင်းသာဖြစ်သည်။သို့သော် တစ်ခါတစ်ရံ သူ၏ စနောက်ခြင်းများသည် ပုံမှန်ထက်ပိုပြီး နာမည်ဆိုးဖြင့်ကျော်ကြားခဲ့ခြင်းဖြစ်သည်။

အတိတ်ဘဝက ယီယွမ်၏ မှတ်ဥာဏ်များကို ပြန်လည်တူးဆွပြီးနောက် ယခင်ယီယွမ်သည် အရည်အချင်းဆိုးရွား၍ မဟုတ်ဘဲ သူ၏ အကျင့်ဆိုးများက သူ၏ ဘဝကို ဖျက်ဆီးနေခြင်းဖြစ်သည်။ထိုအချက်အရ သူ၏ ဖခင် ယီဟန်သည် သူ့ကို ကာကွယ်နိုင်ရန် ကြီးလေးသော တာဝန်ယူမှုအဖြစ် လုပ်ဆောင်ခဲ့ရခြင်းဖြစ်သည်။

ဖခင်တစ်ဦး၏ မေတ္တာကား တောင်တစ်လုံးကဲ့သို့ ကြီးမားလှသည်။ယီဟန်ကား သူ၏ အတိတ်ဘဝမှ ဖခင်ကဲ့သို့ပင် မေတ္တာတရား ကြီးမားသူဖြစ်သည်။

"သခင်လေး ယီ.....နေကောင်းသွားပြီလား?"

လျူအာက သူ၏ သခင်လေးကို အလွန်စိတ်ပူနေခဲ့ပြီး ယခုသူ၏ သခင်လေး အင်အားပြည့်ဝနေပုံကို မြင်လိုက်ရ၍ သူမ အလွန်ပျော်ရွှင်သွားခဲ့သည်။

 ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Where stories live. Discover now