Chapter 18

4.7K 574 3
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ -ဖြိုးသူဝင်း

Chapter 18

လူငယ်လေး၏ အမည်သည် ထန်ယုဖြစ်ပြီး ယီယွမ်ကဲ့သို့ ဒန်ဝူအကယ်ဒမီတွင် တက်ရောက်နေသည်။ယီယွမ်နှင့်ကွာခြားချက်မှာ ထန်ယုက ကိုယ်ပိုင်အရည်အချင်းနှင့် ဒန်ဝူအကယ်ဒမီသို့ ဝင်ခွင့်ရခဲ့ပြီး ယီယွမ်မှာ သူ့အဖေကြောင့် တက်ရောက်ရခြင်းဖြစ်၏။

အမှန်တကယ်တွင် ဒန်ဝူအကယ်ဒမီရှိ ဂျီးနီးယပ် အများစုသည် မြင့်မြတ်သော မိသားစုများမှ ဖြစ်ပြီး အနည်းငယ်သာ သာမန်မိသားစုများမှ ရောက်လာခြင်းဖြစ်သည်။မြင့်မြတ်သောမိသားစုများတွင် အရင်းအမြစ်များစွာ ပေါများပြီး သာမန်မိသားစုများမှ ဂျီးနီးယပ် များကဲ့သို့ ကြိုးစားရှာဖွေလေ့ကျင့်ရန်မလိုပေ။ထို့ကြောင့် သာမန်မိသားစုများမှ ဂျီးနီးယပ် များသည် တစ်ပန်းနိမ့်ကျနေခဲ့ပေ၏။

"ပညာရပ်များ၊ဆေးလုံးများနှင့် ငွေကြေး"။မြင့်မြတ်သောမိသားစုများမှာ ထိုအားသာမှုများရှိနေခဲ့ပြီး သူတို့၏ မျိုးဆက်များမှာ ထိုအရာများကို သူတို့ဘဝတစ်လျှောက်လုံး ကြိုးစားရှာဖွေရန်မလိုပေ။

ထန်ယုက ဒန်ဝူအကယ်ဒမီသို့ မိမိကိုယ်ကို အားကိုး၍ ဝင်ရောက်လာခြင်းဖြစ်သည်။သူ၏အသက်အရွယ်နှင့် အဆင့်(4)ချီစွမ်းအင် အဆင့်ဖြစ်ခြင်းမှာ ထူးချွန်သည်လို့မဆိုနိုင်သလို သာမန်မျှလဲ မကပေ။

အဆင့်(3)မှ အဆင့်(4)သို့ အဆင့်တက်ရာတွင် အလွန်ခက်ခဲပေသည်။ထိုအခက်အခဲကို အပြင်ဘက်အထောက်အကူအရင်းအမြစ်များအသုံးမပြုဘဲ ကျော်ဖြတ်လာခဲ့ခြင်းမှာ ထန်ယုသည် သိုင်းပညာလမ်းစဉ်တွင် အရည်အချင်းရှိလွန်း၍ဖြစ်သည်။

ပုံမှန်အားဖြင့် ထန်ယု၏ယနေ့ပိုင်ဆိုင်နေသော ခွန်အားများသည် မည်သူ့အကူအညီမျှမပါဝင်သော်လည်း ဒန်ဝူအကယ်ဒမီသို့ တက်ရောက်လာပြီးသောအခါ သူ့ဖခင်၏ အကူအညီ အနည်းငယ်မျှပါဝင်ခဲ့လေသည်။

ထန်ယု၏ဖခင်အမည်သည် ထန်ဇောင်ဟွာ ဖြစ်ပြီး အတွေ့အကြုံရင့် မိစ္ဆာသားရဲမုဆိုးဖြစ်သည်။လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း ထန်ဇောင်ဟွာ သည် အဆုံးမဲ့တောအုပ် အတွင်းရှိ ပြောမပြနိုင်သော အန္တရာယ် များကို ကြံ့ ကြံ့ ခံ ရင်ဆိုင်ခဲ့ပြီး ထိုသို့ရင်ဆိုင်ခဲ့ခြင်းမှာ သူ့သား၏ အနာဂတ်တွင် အောင်မြင်မှုများရရှိစေရန် အထောက်အကူပေးလိုသောကြောင့်ဖြသ်သည်။

 ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Where stories live. Discover now