Chapter 20

4.4K 570 3
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ -ဖြိုးသူဝင်း

Chapter 20

"အဖေ!!!"သူ့ဖခင်၏ ငြင်းဆန်မှုက ထန်ယုကို အလွန်စိတ်ပူသွားစေခဲ့သည်။

ယီယွမ်သည် ထန်ဇောင်ဟွာ က သူ၏သား ဒုက္ခ မရောက်စေလိုခြင်းကို သိနေခဲ့၏။ထန်ဇောင်ဟွာသည် သေမလိုဖြစ်နေခဲ့သော်လည်း ထိုသို့ငြင်းဆန်ရခြင်းမှာ ယီယွမ်က အလွန်ငယ်ရွယ်နေပြီး သူက ယီယွမ် မည်သည့်အရာမှ ပြုလုပ်နိုင်မည်မဟုတ်ဟု ယူဆထားခဲ့၍ ဖြစ်သည်။

ယီယွမ်ဒေါသမထွက်ခဲ့ပေ။ထန်ယုကို ဆက်မပြောရန် အချက်ပြခဲ့ပြီး ထန်ဇောင်ဟွာကို မေးလိုက်၏။"ဦးလေး...ကျနော်ခန့်မှန်းတာ မှန်တယ်ဆိုရင် ဦးလေးက "လေပွေကြီး ကြံ့ "တစ်ကောင်ကြောင့် ဒဏ်ရာတွေရခဲ့တာမလား???"

ထိုစကားကိုကြားပြီးနောက် ထန်ယုက စိတ်အားတက်ကြွသွားခဲ့၏။"ဘယ်လောက်တောင်မှန်ကန်တဲ့ ခန့်မှန်းချက်ကြီးလဲဗျာ....ရောင်းရင်းယီ က ဒါကို တစ်ချက်လေးကြည့်လိုက်တာနဲ့ မှန်းဆနိုင်တာပဲ......"

ထန်ဇောင်ဟွာ က မလှုပ်မရှားဘဲနေခဲ့ပြီး ချောင်းအဆက်အပြတ်ဆိုးနေခဲ့၏။သူက အဆီအငေါ်မတည့်စွာ မေးမြန်းလိုက်သည်။"ဒါက ယုအာက မိတ်ဆွေလေးကို ကြိုပြောပြထားတယ်မလား???စိတ်မရှိပါနဲ့နော်...... "

"အဖေ....ကျနော် ရောင်းရင်းကို ဘာမှမပြောခဲ့ပါဘူး....သူ့ဘာသာ ဒါတွေကို သိတာပါ...."သူ့ဖခင်သေလုမျောပါးဖြစ်နေသည်ကို မြင်၍ ထန်ယု က စိုးရိမ်ပူပန်နေပြီး နှလုံးကွဲကြေမတတ် ခံစားနေခဲ့ရ၏။

ထိုအခြေအနေကို ကြည့်၍ ယီယွမ် မျက်မှောင်ကုတ်လာခဲ့သည်။လူတစ်ယောက်ကို ကုသရန်မှာ ထိုလူနာ၏ နှလုံးသားကိုပါ ကုသပေးရန်လိုသည်။ထန်ဇောင်ဟွာက မိမိကိုယ်ကို သေလူအဖြစ်သတ်မှတ်၍ အသက်မရှင်ချင်တော့ပေ။သူက ထန်ဇောင်ဟွာကို အစွမ်းထက်မြက်ဆုံး အသက်ကယ်ဆေးတိုက်ကျွေးလျှင်ပင် သူ့ကို ကယ်ဆယ်နိုင်မည်မဟုတ်ပေ။

ယီယွမ်၏ အမြင်အရ ထန်ဇောင်ဟွာ ၏ ဒဏ်ရာများသည် အလွန်ပြင်းထန်ပြီး ယခုညကို ကျော်လွန်၍ နောက်တစ်နေ့တွင် အသက်ရှင်နိုင်တော့မည် မဟုတ်ချေ။ယခုကဲ့သို့ နှောင့်နှေးနေပါက ယီယွမ်က မှော်ဆေးပညာရှင်အင်ပါယာ ဖြစ်နေလျှင်ပင် ထန်ဇောင်ဟွာ ကို ကယ်ဆယ်နိုင်မည်မဟုတ်တော့ပေ။ထန်ဇောင်ဟွာ၏ အခြေအနေက "ပြန်လည်ကုစားခြင်းဆေးလုံး"ဖြင့် ကုသနိုင်လျှင်ပင် သူ့အား ကယ်ဆယ်ရန်မဖြစ်နိုင်ချေ။

 ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Where stories live. Discover now