Chapter 104

2.9K 383 1
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ်(9)

Chapter-104

“မိုးကောင်ကင်တာအိုကို တိုင်တည်ပြီး သစ္စာပြုပါတယ်...ကောင်းကင်ဘုံကိုးခုလျှောက်လမ်းကို စပြီး ဝင်ရောက်လိုက်တာနဲ့ သေခြင်းရှင်ခြင်း က ကံကြမ္မာအပေါ် မူတည်ပါတယ်...အောင်မြင်စွာ ဖြတ်ကျော်ပြီးပါက ကောင်းကင်ဘုံကိုးခုလျှောက်လမ်း အကြောင်း တစ်စုံတစ်ရာ ကိုမှ ဖွင့်ဟပြောဆိုခြင်း မပြုပါ...ဖောက်ဖျက်ခဲ့ပါက မိုးကောင်းကင်တာအို ဆင်းသက်လာပြီး အပြစ်ပေးပါ…..”

ယီယွမ် က ကျောက်တိုင်ပေါ်မှ စာသားများကို မိုးကောင်ကင်တာအိုကို တိုင်တည်ပြီး သစ္စာပြုလိုက်ရာ သူ၏စိတ်ဝိညာဉ်က တုန်ခါသွားသည်ကို ခံစားလိုက်ရသည်။

ယီယွမ်က ထိုခံစားမှုမှာ တစ်စုံတစ်ယောက်၏ စိတ်ဝိညာဉ်နှင့် မိုးကောင်းကင်တာအို တို့ ကတိကဝတ် ပြုသွားခဲ့သော ခံစားမှုဖြစ်ကြောင်း သိရှိပေ၏။

အနာဂတ်တွင် သူက သစ္စဖောက်ခဲ့ပါက မိုးကောင်းကင်တာအို မှ မိုးကောင်းကင် အပြစ်ပေးမှု ဆင်းသက်လာပြီး သူ၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ် ကို ဖျက်ဆီးပစ်မည်ဖြစ်သည်။

“အခု...ငါဝင်လို့ရပြီလား…..”

အစောင့်က ဘေးသို့ ဖယ်လိုက်ပြီး ယီယွမ်ကို ဝင်ခွင့်ပြုလိုက်၏။

ယီယွမ် က ဖိန်လျှိုချင် ကို လှည့်ကြည့်၍ ပြောခဲ့သည်။ “လျူအာကို ကျွန်တော့်ကိုယ်စား စောင့်ရှောက်ကူညီပေးပါ...ကျွန်တော်မကြာခင် ပြန်လာခဲ့ပါမယ်…..”

စကားအဆုံး၌ ယီယွမ်က အစောင့်ကို ကျော်ဖြတ်ကာ ကောင်းကင်ဘုံကိုးခုလျှောက်လမ်း ကို ဝင်ရောက်သွားခဲ့၏။

လျှောက်လှမ်းထဲသို့ ပထမဦးဆုံး ခြေလှမ်း ကို လှမ်းလိုက်ရာ မြင်ကွင်းက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

မူလက ကျဉ်းမြောင်းသော ကောင်းကင်ဘုံကိုးခုလျှောက်လမ်း သည် ရုတ်တရက် အဆုံးအစမဲ့ ကျယ်ပြန့်သွား၏။

ယီယွမ်က နောက်လှည့်ကြည့်လိုက်ရာ သူလာခဲ့သော လမ်းက ပျောက်ကွယ်သွားပြီ ဖြစ်၏။ ထိုနေရာကို ရောက်ရှိရန် ခြေလှမ်းပေါင်း မရေမတွက်နိုင်သည် အထိ သွားရဦးမည့်ဟန် ပေါ်ပေါက်နေပေသည်။

 ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Where stories live. Discover now