ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
စာစဉ်(12)
Chapter-142
ယီယွမ် နှင့် ဖိန်ဇီရို တို့၏ မိုင်ပေါင်းရာချီကွာဝေးသော နေရာ၌ စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ် သိုင်းပညာရှင်လေးယောက်က လက်ရှိအချိန်တွင် ခွန်အားကြီးမားသောခြင်္သေ့ အမျိုးအစား မိစ္ဆာသားရဲ တစ်ကောင်ကို ဝန်းရံထားခဲ့ကြသည်။
"သေလိုက်တော့ကွာ...ချန်းတစ်က သူ့ရဲ့ မျက်လုံးတွေကို တိုက်စမ်း...ချန်းနှစ်နဲ့ ချန်းသုံး သွားကြစို့...သူ့ရဲ့ အနောက်ကနေ တိုက်ခိုက်ကြမယ်....." လူငယ်လေးက အခြားသူသုံးဦးကို အမိန့်ပေးလိုက်၏။
"ဟုတ်ကဲ့ပါ...သခင်လေး....."
သုံးဦးစလုံး ပြိုင်တူ အမိန့်နာခံခဲ့ကြသည်။
ဤ ခြသေ့င်္အမျိုးအစား မိစ္ဆာသားရဲ က မျှော်လင့်မထားနိုင်လောက်အောက် ခွန်အားကြီးမား၏။ ထိုအကောင်က အဆင့်(2)အလယ်အလတ်အဆင့် ထိပ်ဆုံး အခြေအနေသို့ ရောက်ရှိနေခဲ့ပြီး ဖြစ်သည်။ ထိုသားရဲက အဆင့်(2)နှောင်းပိုင်းအဆင့် သို့ တက်ရောက်ရန် အချိန်သိပ်မလိုအပ်တော့ပေ။ (မိစ္ဆာသားရဲများကို အဆင့်တစ်ခုတိုင်း အစောပိုင်းအဆင့်၊အလယ်အလတ်အဆင့်၊နှောင်းပိုင်းအဆင့် ဟူ၍ သုံးမျိုးခွဲထား၏)
လူလေးယောက်မှာ ဤ မိစ္ဆာသားရဲ ကို အတူတကွ ရင်ဆိုင်တိုက်ခိုက်ရန် အမှန်တကယ် ပြင်ဆင်နေခြင်း ဖြစ်၏။
ထိူလူငယ်လေး၏ အမိန့်ကို နာခံပြီး လူသုံးယောက်က ပေါင်းစည်းလုပ်ဆောင်ခဲ့ရာ ညီညီညွတ်ညွတ်ဖြင့် တိုက်ခိုက်ကြမည့်ပုံ ပေါ်သည်။
ချန်းတစ် က ခုန်လွှားလိုက်ရာ ခြင်္သေ့အမျိုးအစား မိစ္ဆာသားရဲ၏ ခေါင်းပေါ်သို့ ရောက်ရှိသွားခဲ့၏။ မိစ္ဆာသားရဲမှာ လူသားတစ်ယောက် က ထိုသို့ ပုံစံမျိုးဖြင့် သူ့ကို လွတ်လွတ်လပ်လပ် ခြိမ်းခြောက်မည့်အခွင်းအရေးကို ပေးအပ်လိုခြင်းမရှိပေ။ ထို့ကြောင့် သူ၏ လက်သည်းများဖြင့် ချန်းတစ်ကို ဆွဲချလိုက်ရန် ကြိုးစားလိုက်၏။
အခြားသူသုံးယောက် က မိစ္ဆာသားရဲ အား မည်သည့်အတွက်ကြောင့် ထိုအခွင့်အရေး ပေးနိုင်မည်နည်း။ မိုးရေစက်များသဖွယ် အဆတ်မပြတ်ကျဆင်းလာခဲ့သော တိုက်ခိုက်မှုများက ခြသေ့င်္အမျိုးအစား မိစ္ဆာသားရဲ ၏ ဝမ်းဗိုက်ကို ဦးတည်ဝင်ရောက်သွားခဲ့ပေသည်။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...