ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ- ဖြိုးသူဝင်း
စာစဉ် ( ၁၄ )
Chapter-156
“ဘာတွေ...ဘာတွေဖြစ်သွားတာလဲ…..”
စူးရီရှန်းက ဤယုံကြည်စရာမကောင်းလှသည့်မြင်ကွင်းကို မျက်လုံးပြူးကျယ်စွာဖြင့် ကြည့်နေခဲ့ပြီး ယီယွမ်၏ သူ့ကို လှောင်ပြောင်ပြောဆိုလိုက်သော စကားများကို မကြားခဲ့ရပေ။လက်မောင်းရှည်ကျောက်တုံးမျောက်ဝံ ရာပေါင်းများစွာက မျက်စိတစ်မှိတ်အချိန်အတွင်း ပေါ်ပေါက်လာခဲ့၏။ ဤအရာက အမြင်အာရုံပေါ်၌ အကျိုးသက်ရောက်မှုက အလွန်ပြင်းထန်များပြားပေသည်။
သူတို့၏ အမြင်အာရုံထဲတွင် အဆင့်(2)လက်မောင်းရှည်ကျောက်တုံးမျောက်ဝံများဖြင့် ပြည့်နှက်နေပေရာ ဤသို့သောဖိအားမျိုးက ဘဝတစ်သက်လုံးတွင် လုံးဝမေ့ပစ်၍ရတော့မည်မဟုတ်ပေ။
စူးရီရှန်းက သူ၏ခြေထောက်များ တုန်ခါနေသည်ကိုပင် ခံစားမိခဲ့၏။
စူးရီရှန်း တစ်ဦးတည်းသာမဟုတ်ဘဲ ချန်းညီအစ်ကိုသုံးယောက်ကလည်း ထိုအခိုက်အတန့်၌ လုံးဝစကားမပြောနိုင်ခဲ့ပေ။ သူတို့က ကိစ္စတော်တော်များများ၌ အတွေ့အကြုံရှိကြသော်လည်း ယခုအချိန်မတိုင်မီထိ သူတို့က ဤသို့ ကြီးမားသော အခြေအနေတစ်ခုကို ကြုံတွေ့မြင်ဖူးခြင်းမရှိပေ။
ဤအဆင့်(2)လက်မောင်းရှည်ကျောက်တုံးမျောက်ဝံများက စူးမိသားစုကို တစ်ခဏချင်း ပျက်စီးလိုက်ရန် လုံလောက်သည်နှင့် ပိုနေသည်။
ဤလက်မောင်းရှည်ကျောက်တုံးမျောက်ဝံများတွင် မျောက်ဝံအများစုက အဆင့်(2)အစောပိုင်းအဆင့် ဖြစ်ကြသော်လည်း အလယ်အလတ်အဆင့် အနည်းငယ်နှင့် အဆင့်(2)နှောင်းပိုင်းအဆင့် အနည်းငယ် ပါဝင်နေကြသေး၏။အဆင့်(2)အလယ်အလတ်အဆင့် မိစ္ဆာသားရဲတစ်ကောင်ကပင် သူ့အားသတ်ရန်လိုအပ်သည်ထက် ပိုနေသေးသည်။ အကယ်၍ နောက်ထပ်ရာပေါင်းများစွာ ပေါင်းထည့်လိုက်လျှင် ရလဒ်က မည်သို့ဖြစ်သွားမည်နည်း။
ထိုအခိုက်အတန့်၌ သူတို့၏ အာရုံကြောများက ၎င်းတို့၏ အကန့်အသတ်များအထိ တောင့်တင်းသွားကြသည်။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...