ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
စာစဉ်(၁၄)
Chapter-155
ထိုအချိန်အတောအတွင်း ချန်ညီအစ်ကိုများက အတူတကွစုပေါင်းလိုက်ကြပြီဖြစ်သည်။ သူတို့သုံးဦး၏ မျက်နှာအမူအရာများက လုံးဝမကောင်းတော့ပေ။
ယီယွမ်၏ စကားများအဓိပ္ပါယ်ကိုကြားသော် သူတို့၏ အကွက်ကျကျ လုပ်ကြံသတ်ဖြတ်ကြသည့် အစီအစဉ်က ယီယွမ်ကို အဆင့်တက်အောင် အမှန်တကယ်ကူညီလိုက်သလို ဖြစ်သွားကြောင်း သိရှိသွားခဲ့ကြ၏။စောစောက ထိုရွေ့လျားမှုပညာရပ်မှာ အလွန်အစွမ်းထက်ပေသည်။ အဆင့်(6)စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ်ဖြစ်သော ချန်းတစ်ကိုယ်တိုင်ပင် ခန္ဓာကိုယ်အစစ်အမှန်က မည်သည့်အရာဖြစ်ကြောင်း အမှန်တကယ် ခွဲခြားနိုင်ခြင်းမရှိခဲ့ပေ။
“ယီယွမ်...မင်းက ငါတို့ရဲ့ စုပေါင်းတိုက်ခိုက်မှုကနေ ရှောင်ပြေးနိုင်တာနဲ့ ငါတို့လက်ကနေ ထွက်ပြေးလွတ်မြောက်နိုင်တယ်ဆိုပြီး ထင်မနေနဲ့ဦး...ဟုတ်ပြီလား...အဲဒီလှုပ်ရှားမှုကို ငါတို့ထဲမှာ ယှဉ်ပြိုင်နိုင်တဲ့သူမရှိဘူးဆိုပေမဲ့ မင်းရဲ့ ကျင့်စဉ်နယ်ပယ်က တော်တော်လေး နိမ့်ကျနေတာကို မေ့မသွားနဲ့…..” ချန်းတစ်က အသံတိုးတိုးဖြင့် ပြောလိုက်သည်။
ချန်းတစ်က သေစေလောက်သည့်ထောင်ချောက်ကို ကြံစည်ပြုလုပ်ခဲ့ခြင်းမှာ မလိုလားအပ်သည့် ရှုပ်ထွေးသော ပြဿနာတစ်ခုကို ဖြေရှင်းရန်အတွက် ကြိုတင်ကာကွယ်သော အစီအစဉ်တစ်ခုပြုလုပ်ချင်၍ ဖြစ်သည်။ သူတို့လုပ်ခဲ့သည်မှာ မလိုလားအပ်သည့် ရှုပ်ထွေးမှုများ ဖြစ်လာမှုမှ ကာကွယ်တားဆီးရန်ဖြစ်၏။
အကယ်၍ သူတို့က ထောင်ချောက်ဆင်တိုက်ခိုက်ခြင်း မရှိခဲ့လျှင် သူ၏ကျင့်စဉ်နယ်ပယ်အဆင့်နှင့် ယီယွမ်ကိုသတ်ရခြင်းမှာ အိတ်ထဲကဖားကို ရိုက်ရခြင်းနှင့် အတူတူနီးပါး လွယ်ကူလှပေသည်။ ချန်းနှစ်နှင့်ချန်းသုံးတို့က ဘေးမှအတူပါဝင်နေသည်ဆိုလျှင် ပြောနေစရာပင်မလိုတော့ပေ။
“ဟားဟား...မင်းတို့ကောင်တွေက အတွေးများနေကြတာပဲ...ဘာလို့ငါက နောက်ဆုတ်ပြေးရမှာလဲ….တကယ်လို့ ငါက စောစောလေးတင် အဆင့်မတက်ခဲ့ရင်တောင် ငါ့မှာ မင်းတို့အားလုံးကို သတ်လိုက်နိုင်စွမ်းရှိတယ်...ဘယ်လိုလုပ်ပြီးငါက မင်းတို့ကို လွယ်လွယ်ကူကူလွှတ်ပေးရမှာလဲ…..”
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...