Chapter 122

2.8K 354 1
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ်(11)

Chapter-122

စူးရီရှန်းက သိုင်းပညာလမ်းစဉ်၏ ထိပ်ဆုံးဆယ်ယောက်၌ အထွတ်အထိပ်အဆင့် ဂျီးနီးယပ် တစ်ယောက်ဖြစ်သည်။ အကယ်၍ ယနေ့တွင် ယီယွမ်က သူ၏ နေအိမ်ထဲသို့ ဝင်၍ လူရှာခဲ့ပါက အနာဂတ်တွင် ဒန်ဝူအကယ်ဒမီ ၌ မည်ကဲ့သို့ မျက်နှာဖြင့် နေထိုင်ရမည်နည်း။

ယီယွမ်၏ စကားများက လုံးဝပင် အရှက်တရား ကင်းမဲ့နေပြီး စူးရီရှန်းကို အရှက်ခွဲ ရန်စနေခြင်း ဖြစ်၏။

စူးရီရှန်း၏ မီးတောက်မတတ်ဒေါသထွက်နေမှုကို ရင်ဆိုင်ရသော်လည်း ယီယွမ်က သူ့ကိူ လျစ်လျူရှုထားခဲ့ပြီး စူးရီရှန်း၏ အိမ်ထဲသို့ ဦးတည်ဝင်ရောက်သွားခဲ့သည်။

“သေချင်နေတာပဲ…..”

ဒေါသပေါက်ကွဲသွားခဲ့သည်နှင့် စူးရီရှန်းက ယီယွမ် ဆီသို့ လက်ဝါးတစ်ချက် ရိုက်ထုတ်ခဲ့၏။

သို့သော် ယီယွမ်က ထိုအရာကို မမြင်သလိုပင် တံခါးပေါက်သို့ ဆက်၍ လျှောက်သွားခဲ့သည်။

ဘုန်း…..

လက်ဝါးချက်များ ထိပ်တိုက်ရင်ဆိုင်မိရာ ပြင်းထန်သော ပေါက်ကွဲသံနှင့်အတူ စူးရီရှန်း နှင့် ဝူလျှိုချန် တို့ နှစ်ဦးစလုံး နောက်သို့ ခြေလှမ်းများစွာ ဆုတ်ခွာသွားခဲ့ရသည်။ သိသာစွာပင် ဤတိုက်ခိုက်မှုတွင် သရေကျနေခဲ့၏။

“ဝူလျှိုချန်...မင်းတကယ် တိုက်ခိုက်ရဲတယ်ပေါ့…..” စူးရီရှန်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။

ဝူလျှိုချန် ၏ အေးဆေးတည်ငြိမ်သော မျက်နှာက အနှစ်တစ်သောင်းကြာသည်အထိ မပြောင်းလဲသည့် ပုံစံဖြင့် ပြောလိုက်၏။ “ငါ အစောကတည်းက ရှင်းရှင်းလင်းလင်း ပြောခဲ့ပြီးသားလေ...မင်းက ယီယွမ်
ကို မထိသေးသ၍ အားလုံး အေးဆေးပဲ...ဒါပေမဲ့ မင်းက တိုက်ခိုက်လာပြီဆိုရင် ငါကလည်း ဒီမှာ အရူးတစ်ယောက်လို ရပ်ကြည့်မနေနိုင်ဘူး…..”

“မင်း…..” စူးရီရှန်းက ဝူလျှိုချန် ကို ပြန်ပြောစရာ စကားမရှိခဲ့ပေ။ သူက ဝူလျှိုချန် ကို စကားဖြင့်ပင် အနိုင်မယူနိုင်ချေ။

 ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Where stories live. Discover now