ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
စာစဉ် ( ၁၆ )
Chapter-183
“မင်း… မင်းက… ဘယ်လိုလုပ်ပြီးတော့…..”
မီးသွေးတုံးဖြစ်သွားသည်အထိ လောင်ကျွမ်းခြင်းခံလိုက်ရပြီး မြေပြင်ပေါ်တွင် သူ၏နောက်ဆုံးပင့်သက်ကို ရှူရှိုက်နေရသည့် ဖန်းယွဲ့ချိန်က မည်သည့်အရာဖြစ်ပျက်သွားသည်ကို မယုံကြည်နိုင်သည်အထိ ဖြစ်နေခဲ့သည်။
ယီယွမ်က အလွန်အပြစ်ကင်းသည့်ပုံစံဖြင့် ဖန်းယွဲ့ချိန်ကိုကြည့်၍ အပြုံးတစ်ခုဖြင့် ပြောဆိုလိုက်၏။ “ခင်ဗျားက ဘာအကြောင်းပြောချင်နေတာလဲ…..”
ထိုသို့ပြောဆိုနေရင်း ယီယွမ်က လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်၏။ သန့်စင်သောစန္ဒကူးမီးလျှံကြာပန်းက မူလသဘာဝမီးလျှံကို နောက်ထပ်တစ်ကြိမ် ထုတ်လွှတ်လိုက်ပေသည်။
သို့သော် ထိုမူလသဘာဝမီးလျှံက ယီယွမ်ကိုတိုက်ခိုက်ရန် ရည်ရွယ်ချက်လုံးဝမရှိခဲ့ပေ။ ထိုအစား သူကယီယွမ်၏ ဘေးတွင်ပတ်ချာလည် ပြေးလွှားနေခဲ့ပြီး သူ၏သနားညှာတာမှုကို တောင်းခံနေဟန် ပေါ်ပေါက်နေခဲ့၏။
ဖန်းယွဲ့ချိန်က လှုပ်ရှားနိုင်စွမ်း မရှိသော်လည်း ထိုမြင်ကွင်းကိုမြင်သော် သူ၏မျက်လုံးများ ပြုတ်ထွက်တော့မတတ်ဖြစ်သွားခဲ့သည်။
ဒီကောင်… သူကတစ်ချိန်လုံး ဟန်ဆောင်နေခဲ့တာပဲ…..
ယခုအချိန်မှသာ ယီယွမ်က သဘာဝမီးလျှံကို သူ့အားကူညီထိန်းထားပေးသည့်ရည်ရွယ်ချက်ကို ဖန်းယွဲ့ချိန်က နားလည်သွားခဲ့၏။ ထိုအရာက သူ့အားထောင်ချောက်ဆင်ထားပြီး ခုန်ဆင်းခိုင်းခြင်း ဖြစ်ပေသည်။
ထို့ပြင်သူကလည်း ပျော်ပျော်ရွှင်ရွှင် ခုန်ဆင်းခဲ့၏။
သို့သော် ဤအရာက မည်သို့ဖြစ်နိုင်မည်နည်း။
ထိုအရာက အဆင့်(4)သဘာဝမီးလျှံ တစ်ခုဖြစ်၏။ စိတ်သလင်းဖြစ်တည်ခြင်းနယ်ပယ် သိုင်းပညာရှင်များပင် ထိုအရာကို သိမ်းသွင်းရန်လာရောက်ပါက ကြောက်ရွံ့စိတ်အပြည့်ဖြင့် အလွန်သတိထားဆောင်ရွက်ရပေလိမ့်မည်။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...