ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
စာစဉ်(11)
Chapter-127
“ဟီး...စကားအများကြီး ပြောနေတာက အသုံးမဝင်ပါဘူး...ပြီးရင် အကုန် လက်တွေ့ သိရမှာပဲ…..”
ယီယွမ် ၏ ယုံကြည်မှုပြည့်ဝသော အပြုအမူကြောင့် စူးယူဘိုင် က အနည်းငယ် စိုးရိမ်စိတ် ဝင်လာခဲ့သည်။
သို့သော် ဟူချန်းရှန် ပင် ဤဆေးအမျိုးအစားကို မသိသောကြောင့် ဤဆေးကို ယီယွမ်က လုပ်ကြံပြောဆိုနေခဲ့သည်ဟုသာ ထင်နေခဲ့၏။
သူက ထိုအချိန်ကို ခေါင်းမာစွာ စောင့်ဆိုင်းနေခဲ့သည်။
ပြီးရင် မင်းဘယ်လို သေမလဲဆိုတာ ငါ စောင့်ကြည့်ဦးမယ်…..
စူးယူဘိုင် က ယီယွမ်ကို မည်သည့်အပြစ်ပေးမည်ဟု ကြိုတင်စဉ်းစားနေခဲ့၏။ သေဒဏ် ကိုတော့ ပေး၍ ရမည်မဟုတ်ပေ။ သို့သော် ကြိမ်ဒဏ်ကိုဖြင့် ပေး၍ ရပေ၏။
အရာရာတိုင်းက အစီအစဉ် တကျ ဖြစ်သွားခဲ့ပြီး ပျာယာခတ်နေသော လျူယူရှီ က လူအများရှေ့သို့ ရောက်လာခဲ့သည်။
စူးယူဘိုင် က လျူယူရှီကို ရေခဲတမျှ အေးစက်သည့် အကြည့်ဖြင့် ကြည့်လိုက်၏။ “မကြောက်နဲ့ လျူယူရှီ...ဌာနမှူး ဟူ တောင် ဒီလိုဆေးလုံးမျိုးကို တစ်ခါမှ မကြားဖူးဘူး...ဒါက အစစ်အမှန် ဟုတ်မယ်လို့ မင်း ထင်လို့လား...အဲဒီဆေးလုံးက အကျိုးသက်ရောက်မှု မရှိဘူးဆိုတာ မင်းက သက်သေပြနိုင်ခဲ့ရင် ဒီအကြီးအကဲ က မင်းရဲ့ အပြစ်ကင်းစင်မှုကို အတည်ပြုပေးနိုင်ရုံတင် မကဘူး...ယီယွမ် ကို အပြစ် ပြင်းပြင်းထန်ထန် ပေးလို့ရသွားပြီ...နားလည်လား…..”
မူလက လျူယူရှီ မှာ ပျာယာခတ်နေခဲ့သော်လည်း စူးယူဘိုင် က ထိုသို့ ပြောသည်ကို ကြားလျှင် ယုံကြည်စိတ်ချမှု အနည်းငယ် ရှိလာခဲ့သည်။
ဟုတ်တယ်...ဌာနမှူးဟူ က မှော်ဆေးပညာရှင်ဂရန်းမာစတ တစ်ဦးပဲ...သူက လုံးဝမကြားဖူးတဲ့ ဆေးလုံးတစ်မျိုးက သေချာပေါက် ယီယွမ် လှည့်စားနေတာပဲဖြစ်မှာ…..
လျူယူရှီက ယီယွမ်ဝင်ရောက်ဖြေဆိုခဲ့သော မှော်ဆေးပညာရှင်စာမေးပွဲ ကို တက်ရောက်နိုင်ခဲ့ခြင်း မရှိသည်က သနားစရာ ကောင်းလှ၏။ ထိုသို့မဟုတ်ပါက သူမ၌ ဤသို့သော ယုံကြည်မှုမျိုး ရှိမည် မဟုတ်ပေ။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...