Chapter 37

4K 510 1
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ -ဖြိုးသူဝင်း

Chapter 37

"ဒါဆိုရင် ကျနော် ဘာလုပ်ရတော့မှာလဲ..."ထိုအချိန်တွင် ဖိန်ချင်းပေါင်က ရူးသွပ်တော့မလိုပင် ခံစားလိုက်ရသည်။

ဝမ်ယွမ်က ဖိန်ချင်းပေါင်၏ပခုံးကို အသာပုတ်လိုက်ပြီး ဖြည်းဖြည်းချင်းပြောခဲ့၏။"စိတ်လျှော့ပါ...သူက အနည်းငယ်ထူးခြားနေပေမယ့် မင်းတို့နှစ်ယောက်ကြားက ခွန်အားကွာခြားမှုက အလွယ်တကူ တန်းညှိယူဖို့ မဖြစ်နိုင်ဘူး...ဒါပေမယ့် ဒီသုံးရက်အတွင်း မင်းရဲ့ ကြိုးစားမှုကို လျှော့မပြစ်နဲ့...မင်း ရသမျှအချိန်အားလုံးကို လေ့ကျင့်ဖို့အတွက် အသုံးပြုရမယ်..."

ဝမ်ယွမ်၏ စကားများကိုကြား၍ ဖိန်ချင်းပေါင် သူ၏အားထုတ်မှုကို လျှော့ချရဲခြင်းမရှိတော့ပေ။ယခု တိုက်ပွဲက အသက်သေဆုံးခြင်းနှင့် ရှင်သန်ခြင်းကို ဆုံးဖြတ်ပေးမည်ဖြစ်၍ ဖိန်ချင်းပေါင်က သူ၏အသက်နှင့်ဆိုင်သောကိစ္စကို ပေါ့ပေါ့တန်တန်သဘောမထားရဲတော့ပေ။

"ဝမ်သခင်လေး ကျနော်ဘာဆက်လုပ်ရမလဲဆိုတာကို ပြောပြပါ...ကျနော် သခင်လေးစကားကို နားထောင်ပါ့မယ်..."

ထိုကိစ္စများကို အလွန်လေးနက်စွာ သဘောထားခဲ့၍ တည်ကြည်သော မျက်နှာဖြင့် ဝမ်ယွမ်က ဆေးလုံးများပါဝင်သော ပုလင်းတစ်လုံးကို ထုတ်ယူ၍ ဖိန်ချင်းပေါင်၏ရှေ့တွင်ချထားပေးလိုက်သည်။"ဒီဆေးတွေက ငါ့အဖေ ဖော်စပ်ထားတဲ့  ချီစွမ်းအင်စုစည်းဆေးလုံးတွေ.....သူ့ရဲ့စွမ်းအားက ချီစွမ်းအင်ဆေးလုံးထက် 50%ပိုအစွမ်းထက်တယ်...ဒီသုံးရက်အတွင်းမှာ ဆေးလုံးတွေကို အသုံးပြုပြီးလေ့ကျင့်ရမယ်...ဒါမှ မင်းက အဆင့်(5)ချီစွမ်းအင်အဆင့်ကို မြင့်တက်သွားလိမ့်မယ်....."

ဖိန်ချင်းပေါင်၏ မျက်လုံးများတောက်ပသွားခဲ့၏။သူက အဆင့်(5)ချီစွမ်းအင်အဆင့်သို့ မြင့်တက်သွားပါက တိုက်ပွဲတွင် အောင်နိုင်မည့်ရာခိုင်နှုန်းမှာ တစ်ဟုန်ထိုးတိုးတက်သွားပေလိမ့်မည်။ဝမ်ယွမ်ပြောသလိုပင် ခွန်အားကွာခြားမှုက အလွယ်တကူ ချိုးဖြတ်နိုင်သောအရာမဟုတ်ပေ။အဆင့်(5)ချီစွမ်းအင်အဆင့်သိုင်းပညာရှင်တစ်ယောက်က အဆင့်(3)ချီစွမ်းအင်အဆင့်သိုင်းပညာရှင်တစ်ယောက်နှင့် ရင်ဆိုင်ရပါက လုံးဝမရှုံးနိမ့်နိုင်ပေ။

 ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Where stories live. Discover now